ဂက်အိုးများ တင်ဆောင်လာသော ယာဉ်တစ်စီး မီးလောင်

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီကုန်းရပ်ကွက် ပန်းခြံလမ်းနှင့် မင်္ဂလာကန်တော် လမ်းထောင့်၌ သြဂုတ် ၁၇ ရက် ညနေ ၃ နာရီ မိနစ် ၄၀ တွင်    ဂက်အိုးများ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ငွေတော်ကျီကုန်းရပ်ကွက် ပန်းခြံလမ်းနှင့် မင်္ဂလာကန်တော်လမ်းထောင့်၌ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော MDY-7G/----Subarl အမျိုးအစား အဖြူရောင်ယာဉ်သည် တောင်မှမြောက်သို့ မောင်းနှင်လာစဉ် ကားအင်ဂျင်အတွင်း ဝါယာရှော့ဖြစ်ကာ မီးလောင်ပြီး နောက်ခန်းရှိ ဂက်အိုးများသို့ မီးကူးစက်ခဲ့သည်။

မော်တော်ယာဉ်မီးလောင်ရာသို့ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သော  သန္ဓေ/အရန်မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်နှစ်စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍    ယာဉ်မောင်း(စုံစမ်းဆဲ)အား ပြည်ကြီးတံခွန်မြို့မရဲစခန်းက (ပ)၄၃၄/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်ထားကြောင်း သိရသည်။          

 မောင်ပြည်သူ(မန္တလေး)