အီရန်က ယူရေနီယံသန့်စင်ပေးမည့် အဆင့်မြင့်စက်ဒလက် ၁၀၀၀ ကို တပ်ဆင်သွားမည်

အီရန်အဏုမြူစွမ်းအင်အဖွဲ့အစည်းအနေဖြင့် နာတန့်နျူကလီးယားဓာတ်ပေါင်းဖို၌ ယူရေနီယံသန့်စင်မှုကို တိုးမြှင့်ပေးနိုင်မည့် အဆင့်မြင့်စက်ဒလက် ၁၀၀၀ ကို သုံးလအတွင်း   တပ်ဆင်သွားမည်ဖြစ်ကြောင်း ထိုအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၂၈ ရက်တွင်ပြောသည်။

အီရန်နိုင်ငံအနေဖြင့်  ပြည်တွင်းဖြစ်နည်းပညာများကိုသာ အပြည့်အဝ အသုံးပြုပြီး ယူရေနီယံသန့်စင်မှုကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အီရန်နိုင်ငံက ယူရေနီယံသန့်စင်မှုကို ၂၀ ရာခိုင်နှုန်းအထိတိုးမြှင့်မှု  ပြန်လည်စတင်ပြီးနောက် ပထမဆုံးသော နျူကလီးယား ထုတ်ကုန်ဖြစ်သည့့် UF6 ကို ထုတ်လုပ်နိုင်ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာတွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထို့ပြင် အီရန်နိုင်ငံသည်  ယူရေနီယံသန့်စင်မှုကို ၂၀ ရာခိုင်နှုန်းထက်ပို၍ သန့်စင်နိုင်စွမ်းကို    မဝေးတော့သောအနာဂတ် တွင်ရရှိတော့မည်ဖြစ်ကြောင်း   အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အရေးယူပိတ်ဆို့မှုများ   ဖယ်ရှားရေးအတွက် မဟာဗျူဟာမြောက်ဆောင်ရွက်မှု အမည်ရှိ ဥပဒေကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် အီရန်လွှတ်တော်က အတည်ပြုပြီးနောက် အီရန်နိုင်ငံက ယခုကဲ့သို့ ယူရေနီယံသန့်စင်မှုကို တိုးမြှင့်လာခြင်း ဖြစ်သည်။

အမေရိကန်အစိုးရက ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူစာချုပ်မှ တစ်ဖက်သတ်နုတ်ထွက်ပြီးနောက်  တစ်နှစ်အကြာ ၂၀၁၉ ခုနှစ် မေလမှစ၍ အီရန်အစိုးရက ထိုစာချုပ်ပါ သဘောတူညီချက် များအပေါ် လိုက်နာမှုကို လျှော့ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။               

 Ref: Sputnik