ဖိလစ်ပိုင်၌ သြဂုတ် ၁  ရက်တွင် ဗိုင်းရပ်ကူးစက်ခံရသူ ၄၃၆ ဦးရှိ

ဖိလစ်ပိုင်နိုင်ငံ၌ သြဂုတ် ၁၈ ရက်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၄၈၃၆ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက

ထုတ်ပြန်ထားသည်။

ထို့ကြောင့်   သြဂုတ် ၁၈ ရက်သည် တစ်ရက်အတွင်း   ဗိုင်းရပ်ကူးစက်ခံရသူ အယောက် ၃၀၀၀ ကျော်သည့်   သတ္တမမြောက်နေ့ ဖြစ်လာသည်။

ဖိလစ်ပိုင်တစ်နိုင်ငံလုံး၌ ဗိုင်းရပ်ကူးစက်ခံရသူ စုစုပေါင်းမှာ ၁၆၉၂၁၃ ဦးရှိလာကာ ဗိုင်းရပ်ကူးစက်မှုကြောင့် သြဂုတ် ၁၈ ရက်တွင် သေဆုံးသူ ခုနစ်ဦးရှိသည့်အတွက် သေဆုံးသူစုစုပေါင်း ၂၆၈၇ ဦးရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်းလွှာတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံသည် အရှေ့တောင်အာရှ၌ ဗိုင်းရပ်ကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်နေသော်လည်း သမ္မတ  ရိုဒရီဂိုဒူတာတေက   နိုင်ငံ၏စီးပွားရေး လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန် မနီလာမြို့နှင့်အနီး ဝန်းကျင်ရှိ ပြည်နယ် များ၌ ချမှတ်ထားသော တင်းကျပ်သည့် အသွားအလာ တားမြစ်ကန့်သတ်ချက်များကို  သြဂုတ် ၁၇ ရက်တွင် ဖြေလျှော့ ပေးလိုက်ကြောင်း သိရသည်။

Ref: The Straits Times