ထိုင်းနိုင်ငံ၌ ချမှတ်ထားသည့် ကန့်သတ်ချက်အချို့ကို ဖြေလျှော့

ထိုင်းနိုင်ငံရှိဒေသ အများစု၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု လျော့ကျလာပြီ ဖြစ်သဖြင့် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်း များနှင့် စီးပွားရေး လုပ်ငန်းများ ပြန်လည်ပတ်နိုင်ရန် ချမှတ်ထားသော ကန့်သတ်ချက်အချို့ကို တာဝန်ရှိသူများက ဖြေလျှော့ပေးလိုက်ကြောင်း သိရသည်။

ဝန်ကြီးချုပ် ပရာယုချန်အိုချာဦးဆောင် ပြုလုပ်သော ဆွေးနွေးပွဲ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအဖြစ် အများဆုံးဒေသဟု သတ်မှတ်ခံရသောဒေသကို ၂၈ ခုမှ ငါးခုသို့ လျှော့ချသတ်မှတ်ပြီး   ခရိုင်အားလုံးရှိ   စာသင်ကျောင်းများကို ပြန်ဖွင့်ခွင့်ပြုကြောင်း  ကိုဗစ်-၁၉ ရောဂါအခြေအနေစောင့်ကြည့်ရေးဌာနမှ  ပြောရေးဆိုခွင့်ရှိသူ  တာဝီဆစ်ဝီဆာ နျူယိုသင်က ပြောသည်။

စားသောက်ဆိုင်များ အပါအဝင် စီးပွားရေးလုပ်ငန်းအများစုကို ပုံမှန်အတိုင်း ပြန်လည်ပတ်ခွင့်ပြုမည်ဖြစ်ပြီး လောင်းကစားရုံများကိုမူ ဆက်ပိတ်ထားမည်ဖြစ်သည်။

ဒီဇင်ဘာလလယ်မှစ၍ အစုလိုက်အပြုံလိုက်ဗိုင်းရပ်ကူးစက်မှု ဖြစ်ပွားသော စမွတ်စခွန်ပြည်နယ်ရှိဒေသများကိုမူ ဆက်လက်ပိတ်ထားဦးမည် ဖြစ်သည်။

ထိုင်းနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၀၂ ဦးရှိပြီး  ယနေ့အထိ ရောဂါဖြစ်ပွားသူ  စုစုပေါင်း ၁၇၀၂၃ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။             

  Ref: TST