တရုတ်နိုင်ငံတောင်ပိုင်းသို့ ဟီဂေါ့တိုင်ဖွန်း မုန်တိုင်းဝင်မည်

ဟီဂေါ့ဟုအမည်ပေးထားသည့် တိုင်ဖွန်းမုန်တိုင်းတစ်လုံးသည် သြဂုတ် ၁၉ ရက်တွင် တရုတ်နိုင်ငံတောင်ပိုင်းသို့ ဝင်မည်ဖြစ်ကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်အရှေ့မြောက်ပိုင်းရှိ အပူပိုင်းလေဖိအားနည်း ရပ်ဝန်းသည် သြဂုတ် ၁၈ ရက်နံနက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းအဖြစ် အားကောင်းလာကြောင်း ဟိုင်နန်ပြည်နယ်မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မုန်တိုင်းသည် သြဂုတ် ၁၉ ရက်တွင် ကွမ်တုံပြည်နယ် အနောက်ပိုင်းနှင့် ဟိုင်နန်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ကုန်းတွင်းပိုင်းသို့ ဝင်မည်ဖြစ်ပြီး ဟိုင်နန်၊ ကွမ်တုံ၊ ယူနန်ပြည်နယ်တို့နှင့် ကွမ်းရှီရွှမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့၌ မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

မုန်တိုင်းဝင်ရောက်နိုင်သော ဒေသများရှိ ပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရန်လည်း တာဝန် ရှိသူများက သတိပေးထားသည်။

မုန်တိုင်း၏ အရှိန်ကြောင့် ရက်ပေါင်းများစွာကြာ  မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တရုတ်နိုင်ငံ၏အကြီးဆုံးမြစ်ဖြစ် သောယန်ဇီမြစ်နှင့် မြစ်လက်တက်များသည်လည်း စိုးရိမ်ဖွယ်ကောင်းသော အခြေအနေအထိ မြစ်ရေမြင့်တက် လာသည့်အတွက် သိန်းပေါင်းများစွာသော ပြည်သူများမှာ နေအိမ်စွန့်ခွာထွက်ပြေးရပြီး တာဝန်ရှိသူများကလည်း ထူးကဲသတိပေးချက်ကို ထုတ်ပြန်ထားရကြောင်း သိရသည်။ မကြာသေးမီက ဖြစ်ပွားသော ယန်ဇီမြစ်ရေ မြင့်တက်မှုအတွင်း လူပေါင်း ၆၃ သန်းရေဘေးသင့်ပြီး စီးပွားရေးအရ ဆုံးရှုံးမှုမှာ  ယွမ် ၁၇၉ ဘီလီယံရှိကြောင်း သိရသည်။       Ref: Xinhua