သြစတြေးလျ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာတစ်ဦးကြောင့် ပြည်သူနှစ်သန်းကျော် လော့ဒေါင်းချခံရ

သြစတြေးလျနိုင်ငံ အနောက်သြစတြေးလျ ပြည်နယ်ရှိ ပါ့မြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူတစ်ဦးကို တွေ့ရှိပြီးနောက် ဒေသခံ ပြည်သူနှစ်သန်းကျော်မှာ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ငါးရက်ကြာ လော့ဒေါင်းချခံရကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူသည် ပြည်ပမှပြန်လာသူများကိုကွာရန် တင်းထားသည့် ဟိုတယ်မှ လုံခြုံရေးတစ်ဦး ဖြစ်ပြီး ၎င်းနှင့် ထိတွေ့သည်ဟုယူဆရသူ ၆၆ ဦးရှိသော်လည်း ယခုအထိ စစ်ဆေးခံရပြီး သူတစ်ဦးမျှ ရောဂါကူးစက်ခံရခြင်း မရှိကြောင်း ပြည်နယ်အစိုးရက ပြောသည်။

သို့သော် ရောဂါပိုးတွေ့သူနှင့် အနီးကပ်ဆက်ဆံမိသူ ၁၁ ဦးကို ကြိုတင်ကာကွယ်မှု ထပ်မံပြုလုပ်သည့် အနေဖြင့် ဟိုတယ်ကွာရန်တင်းထားရှိကြောင်း     ပြည်နယ်ဝန်ကြီးချုပ်မာ့အမ်စီဂိုဝမ်က ပြောသည်။

သြစတြေးလျနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၉၀၀၀ နီးပါးနှင့် သေဆုံးသူ ၉၀၉ ဦးဖြင့် ရောဂါကိုအောင်

မြင်စွာထိန်းချုပ်ထားနိုင်သည်။

ကာကွယ်ဆေးထိုးနှံမှုကိုလည်း ယခုလတွင် စတင်ရန် စီစဉ်ထားပြီး  ထိုအစီအစဉ်သည် အနည်းဆုံး သြစတြေးလျဒေါ်လာ ၆ ဒသမ ၃ ဘီလီယံကုန်ကျမည်ဟု ဝန်ကြီးချုပ်စကော့မော်ရစ်ဆန်က ပြောသည်။

Ref: TST