ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၃၁၀ ဦးထပ်တိုး

နေပြည်တော်  ဖေဖော်ဝါရီ  ၂

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့  ည  ၈  နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌  COVID-19 ရောဂါပိုးတွေ့လူနာ ၃၁၀ ဦးနှင့် သေဆုံးသူ ရှစ်ဦးရှိကြောင်း သိရသည်။

(၂၃-၃-၂၀၂၀)ရက်မှ (၁-၂-၂၀၂၁)ရက်အထိ တွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာ ၁၄၀၃၅၄ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ည ၆ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၁-၂-၂၀၂၁)ရက်   ည ၈ နာရီမှ (၂-၂-၂၀၂၁)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာစုစုပေါင်း ၁၂၃၇၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၃၁၀ ဦးတွေ့ရှိရကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။