ရှားတောမြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော် ၊ သြဂုတ် - ၁၉

 

ကယားပြည်နယ်၊ ရှားတောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီခန့်တွင် ရှားတောမြို့၏ မြောက်ဘက် ၈ မိုင်ခန့် အကွာ၌ စုပုံထားသည့် တရားမဝင် ပိတောက်သစ်လုံးဆိုဒ်စုံ ၃၈၂ လုံး(ခန့်မှန်း ၅၀ တန်)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ တရားမဝင်သစ်များအား ရှားတောမြို့နယ်သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။