အက်စထရာဇီနီကာ၏ကာကွယ်ဆေးက ဗီဇပြောင်းဗိုင်းရပ်ကို ကာကွယ်နိုင်စွမ်းနည်းပါး

လန်ဒန်၊ ကျန်းမာရေး

ဗြိတိန်နိုင်ငံရှိ အက်စထရာဇီနီကာကုမ္ပဏီနှင့် အောက်စဖို့တက္ကသိုလ်တို့ ပူးတွဲဖော်စပ်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် တောင်အာဖရိက၌တွေ့ရှိရသော ဗီဇပြောင်းဗိုင်းရပ်ကူးစက်မှုကို ကာကွယ်နိုင် စွမ်းနည်းပါးသည်ဟု အဆိုပါ ကုမ္ပဏီက ပြောသည်။

ထိုလေ့လာမှုကို တောင်အာဖရိကရှိ ဝစ်ဝါးတာစရန်းတက္ကသိုလ်နှင့် အောက်စဖို့တက္ကသိုလ်တို့က ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း Financial Times သတင်းဌာနက ထုတ်ပြန်ထားသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်၏ ဗီဇပြောင်းဗိုင်းရပ်များအနက် သိပ္ပံပညာရှင်များနှင့် ကျန်းမာရေးကျွမ်းကျင်သူများ စိုးရိမ်နေသော ဗီဇပြောင်းဗိုင်းရပ်များတွင် တောင်အာဖရိကနှင့် ဘရာဇီးတို့၌တွေ့ရသော ဗီဇပြောင်း ဗိုင်းရပ်များ ပါဝင်ကြောင်း သိရသည်။

စမ်းသပ်မှု၏ ကနဦးရလဒ်များအရ ၎င်းတို့၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် တောင်အာဖရိက၌ တွေ့ရသော ဗီဇပြောင်းဗိုင်းရပ်ကြောင့် အဓိကဖြစ်ပွားသော ရောဂါကူးစက်မှုအခြေအနေကို ကာကွယ် နိုင်စွမ်းနည်းပါးကြောင်း အက်စထရာဇီနီကာ ကုမ္ပဏီမှပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထို့ပြင်  အဆိုပါစမ်းသပ်မှုတွင်ပါဝင်သူ ၂၀၀၀ ကျော်အနက် တစ်ဦးမျှဆေးရုံတက်ရခြင်း သို့မဟုတ် သေဆုံး ခြင်းမရှိကြောင်းသိရသည်။ သို့သော်စမ်းသပ်ခံရသူများက အဓိကအားဖြင့် ကျန်းမာသောလူငယ်များဖြစ်သည့် အတွက် ပြင်းထန်သောလက္ခဏာ သို့မဟုတ် ဆေးရုံတက်ရခြင်းမရှိခြင်းဖြစ်သည်ဟူသော အချက်ကို   သေချာစွာ စိစစ်နိုင်ခြင်းမရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောထားသည်။                

Ref: CNA