ဆိုးမြို့အစိုးရက အိမ်မွေးတိရစ္ဆာန်များတွင် ကိုဗစ်-၁၉ရောဂါရှိမရှိ စတင်စစ်ဆေး

ဆိုး၊ ကျန်းမာရေး

တောင်ကိုရီးယားနိုင်ငံရှိ အိမ်မွေးကြောင်တစ်ကောင်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကို ပထမဆုံးအကြိမ် တွေ့ရှိပြီးနောက် ဆိုးမြို့အစိုးရက အိမ်မွေးတိရစ္ဆာန်များတွင် ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စတင်စစ်ဆေးနေ ပြီဖြစ်ကြောင်း ကူးစက်ရောဂါထိန်းချုပ်ရေး တာဝန်ရှိသူ ပါ့ယူမီက ပြောသည်။

တိရစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦးပါဝင်သော ကျန်းမာရေး ဝန်ထမ်းအဖွဲ့အနေဖြင့် ထိုစစ်ဆေးမှုများကို  တိရစ္ဆာန်ရှိရာ အိမ်အနီး၌ ပြုလုပ်မည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသော တိရစ္ဆာန်များကို နေအိမ်၌ ပင် ၁၄ ရက်ကြာ သီးသန့်ခွဲထားမည်ဖြစ်သည်။

သို့သော် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများနှင့် ထိတွေ့ပြီးနောက် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရ ခက်ခဲခြင်းနှင့် နှာရည်ယိုနေသော တိရစ္ဆာန်များကို စစ်ဆေးမှုပြုလုပ်မည် မဟုတ်ကြောင်း ပါ့ယူမီကပြော သည်။

ကမ္ဘာတစ်ဝန်း၌ ခွေးနှင့်ကြောင်များအပါအဝင် တိရစ္ဆာန်များစွာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည်။ အမေရိ ကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်ဒီယေးဂိုး တိရစ္ဆာန်ရုံ၌ ပြီးခဲ့သည့်လတွင် ဂေါ်ရီလာ မျောက်ဝံနှစ် ကောင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထိုကူးစက်မှုသည်ရောဂါ လက္ခဏာမပြသော ဝန်ထမ်းတစ်ဦးထံမှ ကူးစက်ခြင်းဖြစ်သည်ဟု သိရသည်။

ဒိန်းမတ်နိုင်ငံရှိ မြွေပါမွေးမြူရေးခြံများ၌လည်း ပြီးခဲ့သည့်နှစ်တွင်  ဗီဇပြောင်း နိုဗယ်ကိုရိုနာ ဗိုင်းရပ်ကူး စက်မှုဖြစ်ပွားသည့်အတွက် တစ်နိုင်ငံလုံးရှိ မြွေပါအားလုံးကို သုတ်သင်ခဲ့ရကြောင်းသိရသည်။

Ref: TST