တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး၌ တက်ရောက်ကုသနေသော တပ်မတော်သား များအား ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်းရာတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၏ စကားသံများ

 

အကယ်ဒမီခန့်စည်သူ ဦးဆောင်သည့် မေတ္တာသင်္ဂဟအဖွဲ့မှ အနုပညာရှင်များက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင် ၅ဝဝ)သို့ ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ၊အဝတ်အထည်နှင့် အာဟာရပြည့် စားသောက်ဖွယ်ရာများကို ဇူလိုင် ၁၃ ရက်နံနက်ပိုင်းက လှူဒါန်းခဲ့ပြီး လှူဒါန်းရာတွင် ပါဝင်သည့် အနုပညာရှင်များ၏ စကားသံများကို ဖော်ပြပေးလိုက်ပါသည်။ အကယ်ဒမီခန့်စည်သူ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံ ကြီးမှာ  ကျွန်တော်နဲ့သိတဲ့ သူငယ်ချင်းကတစ်ဆင့် မေတ္တာသင်္ဂဟအဖွဲ့ အနေနဲ့ လာရောက်လှူဒါန်း ဖြစ်တာပါ။ အဖွဲ့မှာ ပါဝင်တဲ့ အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး လာရောက် လှူဒါန်းတာပါ။ Trolley တစ်ခု၊ ဝှီးချဲ ၁ဝ စီး၊ ချိုင်းထောက် အစုံ ၅ဝ၊ ပုဆိုး၊ လုံချည်၊ အစားအသောက်တွေနဲ့  တခြား ပစ္စည်းတွေကို လာရောက်လှူဒါန်းတာပါ။  တန်ဖိုးက ငွေကျပ် သိန်း ၇ဝ လောက်ပါ။ တပ်မတော်ကလည်း ပြည်သူထဲက ပေါက်ဖွား လာတာဖြစ်တဲ့အတွက်   ပြည်သူလူထုက ပြည်သူကို လှူဒါန်းတာပါပဲ။ ကျွန်တော်တို့လည်း    ချမ်းသာလို့တော့ မဟုတ်ပါဘူး။ ကိုယ်နိုင်သလောက် လာရောက်လှူဒါန်းတာပါ။   သဘာဝ ဘေးအန္တရာယ်ဖြစ်တဲ့ အချိန်တွေရော ဆေးကုသရေး လုပ်ငန်းတွေမှာပါ  တပ်မတော်အနေနဲ့  ပါဝင်ဆောင်ရွက်တာတွေလည်း တွေ့ရပါတယ်။  ရှေ့ဆက်ပြီးတော့ အဖွဲ့ထဲ ပါဝင်တဲ့သူတွေနဲ့ ပူးပေါင်းပြီး လှူဒါန်းမှာပါ။ သွားလှူကြတော့မယ်ဆိုပြီး Group ထဲမှာ တင်လိုက်တာနဲ့ Wave Money နဲ့  အလှူငွေလွှဲပေးတာတွေ၊ အကောင့်ထဲကို ငွေလွှဲပေးပြီး လှူဒါန်းတာတွေရှိပါတယ်။  အခုလှူဒါန်းရတာကလည်း   နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့  တိုင်းပြည်ကာကွယ်ရေး ဆောင်ရွက်နေ တဲ့ တပ်မတော်သားတွေ အတွက်ပါ။ ခေတ်အဆက်ဆက်  နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေတဲ့ သူတွေပါ။ ကျွန်တော်တို့ကို ကာကွယ်ပေးတဲ့ သူတို့ကို ကျွန်တော်တို့က လှူဒါန်းတာပါ။    အနုပညာ လှုပ်ရှားမှုတွေအနေနဲ့  ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ရှိပါတယ်။ ဘုန်းလျှံ ကိုခန့်စည်သူကို လာပြီး အားဖြည့်ပေးတာပါ။ ကိုခန့်က မင်္ဂလာဒုံမှာရှိတဲ့ တပ်မ တော် အရိုးရောဂါအထူးကု ဆေးရုံကြီးမှာ ဝှီးချဲတွေ၊ ချိုင်းထောက်တွေ လှူမယ်လို့ပြောတဲ့ အတွက် အားဖြည့်ပါဝင်တာပါ။ အလှူဆိုတာက ဘယ်နေရာမှာပဲ လှူလှူ အဆင်ပြေပါတယ်။   ကျွန်တော့်အနေနဲ့လည်း သောကြာနေ့မှာ ပဲခူးရိုးမထဲမှာ ရှိတဲ့နေရာတစ်နေရာမှာ သစ်ပင်သွားစိုက်မယ်။ အဲဒီနေရာက ပေါက်ခေါင်းကနေ သွားရတယ်။  ပြီးရင် အဲဒီနားမှာ ဘုန်းဘုန်းက ကလေးအယောက် ၆ဝ လောက်ကို စောင့်ရှောက် ထားတာရှိတယ်။  ကလေးတွေကို  အစားအသောက်တွေ  သွားရောက် လှူဒါန်းမယ်။ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလမှာတော့ ဘယ်သူမှ အဆင်မပြေကြပါဘူး။ ကိုယ်တစ်ယောက်တည်းလည်း အဆင်ပြေလို့မရပါဘူး။ ဒါကြောင့် အားလုံးအဆင်ပြေအောင်  ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်တာပါ။ ကျွန်တော်  ဘုန်းကြီးဝတ်ပြီး    အနှေးယာဉ် လုပ်သားတွေကို  တတ်နိုင်သလောက် လှူဒါန်းတယ်။ အခုလို လှူဒါန်းဖြစ်တဲ့အတွက်  သူတို့ပိုပြီး အဆင်ပြေသွားတယ်။ ဆောင်းအိန္ဒြေထွန်း မဆောင်းအနေနဲ့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလမှာ လှူဒါန်းမှုတွေ အများကြီးလုပ်ဖြစ်ပါတယ်။ မဆောင်း အနေနဲ့   လိုင်းပေါ်ကနေ   တစ်ရက်ခြား တစ်ခါ  ဖုန်းဘေလ် မဲဖောက်ပေးပါတယ်။ နှစ်လအတွင်းမှာ  သိန်း ၁၂ဝ ဖိုး လှူဒါန်းခဲ့ပါတယ်။ နောင်လည်း လှူဒါန်းမှုတွေ  လုပ်ဆောင်သွားမှာပါ။ တပ်မတော်သား  တွေကို  လှူဒါန်းရတဲ့အတွက်  အရမ်းဝမ်းသာပါတယ်။ တပ်မတော်သား တစ်ယောက် ဖြစ်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဆုကဗျာ အလှူက ကိုခန့်စည်သူနဲ့အတူ လှူဒါန်းတာပါ။ ကိုခန့်စည်သူနဲ့က တစစ်တမက် ကိုယ်နှင့်သက်ကို   ဇာတ်ကားရိုက်ကူးပြီးတဲ့ နောက်ပိုင်း    မေတ္တာသင်္ဂဟ အဖွဲ့မှာ လှူဒါန်းမှု အများကြီး    လုပ်ဆောင်ခဲ့ပါတယ်။ ဗထူးမြို့မှာ ရုပ်ရှင်ရိုက်ရင်းနဲ့လည်း ကိုခန့်စည်သူနဲ့အတူ ဘုန်းတော်ကြီးကျောင်း တေမှာလည်း လှူတယ်။ ရဲဘော်တွေ၊  ရဲမေတွေအတွက်လည်း  လှူဒါန်းခဲ့ပါတယ်။ ဒီနေ့လည်း ချိုင်းထောက်တွေ၊  ဝှီးချဲတွေ လှူဒါန်းထားပါတယ်။  ကိုယ်တိုင်ကလည်း တပ်မတော်သား မိသားစုဝင်ဖြစ်တဲ့ အတွက် အခုလိုလှူဒါန်းရတာ ဝမ်းသာပီတိဖြစ်မိပါ တယ်။ တစ်ယောက်တည်းကျတော့လည်း အများကြီး မလှူနိုင်ဘူး။ အစ်ကိုနဲ့တွဲပြီး လှူဒါန်းရတဲ့အတွက် အများကြီး လှူဖြစ်ပါတယ်။  ငယ်ငယ်ကတည်းက  ပရဟိတ လုပ်ငန်းတွေ လုပ်ရတာ ဝါသနာပါတယ်။  ကလေးခုနစ်ယောက်ကိုလည်း  ပညာသင် ပေးခဲ့တာ  အခုဆို  ဘွဲ့တွေတောင် ရသွားပါပြီ။  ဘုန်းဘုန်းကြီး  ဆရာတော်အရှင် ဆေကိန္ဒ ပြောသလို အလှူလုပ်တယ်ဆိုတာ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေ  ကုန်သွားတာမဟုတ်ပါဘူး။ ပြန်လည်ရယူတာပါ။ လှူဒါန်းလိုက်တဲ့အတွက်  သူတို့ရဲ့အပြုံးတွေကို    ပြန်ရ တာကြောင့်    နောင်လည်း ဆက်လက် လှူဒါန်းမှာပါ။ ဆောင်းယွန်းစံ ဒီနေ့က တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ တပ်မတော်သားတွေအတွက် ချိုင်းထောက်နဲ့ ဝှီးချဲတွေကို လာရောက်လှူဒါန်းတာပါ။ ရှေ့ဆက်ပြီး မေတ္တာသင်္ဂဟအဖွဲ့နဲ့ ပူးပေါင်းပြီး လှူဒါန်းသွားမှာပါ။ ဘိုးဘွားရိပ်သာတွေမှာ  သွားရောက်လှူဒါန်းမှုတွေ ရှိပါတယ်။လိုအပ်ရင် လိုအပ်သလို   လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းပေးပါတယ်။ တပ်မတော်သားတွေ အတွက်  လှူဒါန်းတာက  အခုပထမဆုံးပါ။ တိုင်းပြည်အတွက် အသက်ကိုပဓာန မထားဘဲ    တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကို     လှူဒါန်းရတဲ့အတွက် ဂုဏ်ယူပါတယ်။ အနုပညာလှုပ်ရှားမှု အနေနဲ့   MTV တွေရိုက်ဖြစ်တယ်။ ကြော်ငြာတွေရိုက်ဖြစ်တယ်။ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးကာလမှာ ပရိသတ်တွေနဲ့   အဆက်အသွယ်မပျက် အောင်  ခရီးသွားပုံလေးတွေ တင်ဖြစ်ပါတယ်။ COVID-19 ရောဂါကာလလွန်ရင်လည်း  ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖို့ရှိပါတယ်။