တရုတ်၏အင်္ဂါဂြိုဟ် လေ့လာရေးယာဉ်က ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကို ပြန်လည်ပေးပို့

တရုတ်၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး ယာဉ်ဖြစ်သည့် Tianwen-1 သည် အင်္ဂါဂြိုဟ်ပတ်လမ်းသို့  အောင်မြင်စွာဝင် ရောက်ပြီးနောက်နှစ်ရက်အကြာ ဖေဖော်ဝါရီ ၁၂ ရက်တွင် ရိုက်ကူးထားသော ဗီဒီယိုဖိုင်ကို ပေးပို့ကြောင်း     တရုတ်အာကာသအေဂျင်စီက ထုတ်ပြန်သည်။

အဆိုပါ ဗီဒီယိုဖိုင်အရ  လေ့လာရေးယာဉ်၏ အပြင်ဘက် မည်းမှောင်နေသောကောင်းကင်မှ  အင်္ဂါဂြိုဟ်၏မျက်နှာပြင် ထွက်ပေါ်လာသည်ကို မြင်တွေ့ရကြောင်း နိုင်ငံပိုင် CCTV သတင်းဌာနက ဖော်ပြထားသည်။

အင်္ဂါဂြိုဟ်၏ မျက်နှာပြင်တွင် အဖြူရောင်ချိုင့်များကို မြင်တွေ့ရပြီး လေ့လာရေးယာဉ်က အင်္ဂါဂြိုဟ်၏ တစ်ရက်တာကာလအတွင်းပျံသန်းစဉ်  ထိုအဖြူရောင်ချိုင့်များက အမည်းရောင်အဖြစ်သို့ မှေးမှိန်သွားကြောင်း Xinhua  သတင်းဌာနက ဖော်ပြသည်။

အလေးချိန် ၅ တန်ရှိသော Tianwen-1 အာကာသယာဉ်ကို တရုတ်နိုင်ငံတောင်ပိုင်းမှ ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် လွှတ်တင်ခြင်း ဖြစ်ပြီး ထိုယာဉ်တွင် အင်္ဂါဂြိုဟ်ပတ်ယာဉ်၊ ဂြိုဟ်ဆင်းယာဉ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လေ့လာရေးယာဉ်တို့  ပါဝင်ကြောင်း သိရသည်။

တရုတ်အစိုးရသည် ၂၀၂၂ ခုနှစ်တွင် လူနေထိုင်နိုင်သော    အာကာသစခန်း တည်ဆောက်ပြီးနောက်    လပေါ်တွင် အာကာသယာဉ်မှူးများထားရှိရန် ရည်ရွယ်ထားသည်။

အာရပ်စော်ဘွားများ ပြည်ထောင်စု၏ Hope အမည်ရှိ စူးစမ်းလေ့လာရေး ယာဉ်အနေဖြင့် အင်္ဂါဂြိုဟ်၏ပတ်လမ်းသို့ အောင်မြင်စွာ ဝင်ရောက်ပြီး အာရပ်ကမ္ဘာ၏ ပထမဆုံးဂြိုဟ်လေ့လာရေး ယာဉ်လွှတ်တင်ရေး အစီအစဉ်အဖြစ် သမိုင်းဝင်သည့် သီတင်းပတ် တစ်ပတ်တည်းမှာပင် တရုတ်၏အောင်မြင်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

အလေးချိန် ကီလိုမီတာ ၂၄၀ ရှိသော စူးစမ်းလေ့လာရေး ယာဉ်အနေဖြင့် အင်္ဂါဂြိုဟ်ရှိ ကြီးမားသော ချိုင့်ဝှမ်းတစ်ခု ဖြစ်သည့် ယူတိုပီးယား အပေါ်သို့ မေလတွင်ဆင်းသက်မည်ဟု တရုတ်သိပ္ပံပညာရှင်များက မျှော်မှန်းထားသည်။                    

 Ref: TST