အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲအတွက် MIU အသင်း ပြင်ဆင်မှုများ ဆက်လက်ပြုလုပ်မည်

မြန်မာဖူဆယ်ကလပ်  MIU အသင်းအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

အာဆီယံဘောလုံး အဖွဲ့ချုပ်သည် မူလက အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲကို  ယခုနှစ် ဒီဇင်ဘာလအတွင်း  ထိုင်းနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသော်လည်း အာဆီယံနိုင်ငံများ၏  COVID-19 ရောဂါအခြေအနေကြောင့် ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့သည်။

“ပြိုင်ပွဲကို လာမယ့်နှစ်ရွှေ့လိုက်ပေမယ့် အသင်းကို ဆက်လက်ပြင်ဆင်ဖို့ စီစဉ်ထားပါတယ်။ ဒီနှစ်ထဲမှာ  ပြည်တွင်းဖူဆယ် ရှုံးထွက်ပွဲရော နိုင်ငံတကာပွဲပါ ကစားဖို့ မရှိတော့ပါဘူး။ ဒါပေမဲ့ ကစားသမားတွေ လေ့ကျင့်မှု မပြတ်အောင်     ပြင်ဆင်မှုဆက်လုပ်ဖို့ စီစဉ်ဖြစ်တာပါ။  ကြားထဲမှာ ပြည်တွင်းဖူဆယ်ကလပ်တွေနဲ့လည်း ခြေစမ်းပွဲတွေ ထပ်ကစားပါမယ်”ဟု ၎င်းကပြောသည်။

MIU အသင်းသည်  ယင်းပြိုင်ပွဲအတွက်  ဇူလိုင်လဆန်းပိုင်းမှစ၍   ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ လေ့ကျင့်မှု ပြုလုပ်နေပြီး ပြည်တွင်းဖူဆယ်ကလပ် အသင်းတချို့နှင့်လည်း ခြေစမ်းပွဲများ ကစားနေသည်။

MIU  အသင်းသည် သြဂုတ်ပထမပတ်က ခြေစမ်းပွဲများကစားရာ  လင်းလက်ဖူဆယ်အသင်းကို  ၆ ဂိုး -၃ ဂိုး၊  ြ၂ု ဖူဆယ်ကလပ်ကို ၇ ဂိုး -၅ ဂိုးဖြင့်  အနိုင်ရခဲ့သည်။

အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် MIU အသင်းသည်  လေးကြိမ်ဝင်ပြိုင်ခဲ့ဖူးပြီး လေးကြိမ်စလုံး တတိယဆု ရရှိခဲ့ကြောင်း သိရသည်။                          

ကိုရဲ