အင်ဒိုနီးရှား၌ အခေါင်းအတု အသုံးပြုပြီး ဗိုင်းရပ်ကူးစက်မှု အန္တရာယ်သတိပေး

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ တာဝန်ရှိသူများက လူသူရှုပ်ထွေးရာ လမ်းဆုံတစ်ခု၌ အခေါင်းအတုကို အသုံးပြုပြီး နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု အန္တရာယ်ကို  သတိပေးထားကြောင်း သိရသည်။

နိုင်ငံ၏ဗိုင်းရပ်ကူးစက်မှု အဓိကနေရာဖြစ်သော ဂျကာတာမြို့ရှိ   မမ်ပန်းပရာပါတန်ဒေသခွဲ၌ ပြသထားသည့် အခေါင်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးသူဟူသော စာသားကို     ဆေးအနီဖြင့် ရေးဆွဲထားသည်။

ထို့ပြင် တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ၊   နှာခေါင်းစည်းနှင့်မျက်နှာကာ တပ်ထားသော    လူရုပ်တစ်ခုကိုလည်း ထိုအခေါင်းဘေးတွင်   စိုက်ထူထားပြီး အခေါင်း၏အောက်၌ ဒေသတွင်းဗိုင်းရပ်ကူးစက်မှုနှင့် သေဆုံးမှု နောက်ဆုံးစာရင်း များကိုရေးသားထားသည်။

ထိုသို့လုပ်ဆောင်မှုသည် အနည်းငယ်ပြင်းထန်သော်လည်း   ဗိုင်းရပ်ကူးစက်မှု အန္တရာယ်သတိပေးချက်ကို  တိုးမြှင့်ရန်ဖြစ်

ကြောင်း ဒေသအုပ်ချုပ်ရေးမှူး ဂျာဟာရူဒင်က ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ၌ သြဂုတ် ၂၀ ရက်အထိ   ဗိုင်းရပ်ကူးစက်ခံရသူ  စုစုပေါင်း ၁၄၇၂၁၁ ဦးနှင့် သေဆုံးသူစုစုပေါင်း ၆၄၁၈ ဦးရှိသည့်အတွက် ယင်းနိုင်ငံသည် အရှေ့တောင်အာရှ၌ ဗိုင်းရပ်ကူးစက်မှုကြောင့် သေဆုံးသူ အများဆုံးနိုင်ငံ ဖြစ်နေသည်။

Ref: The Straits Times