ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံ

ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်၊ မတ် - ၉

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား Covid-19 ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မြို့မရွှေဂူကျောင်းတိုက် ဆရာတော် မဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တမာနိတအမှူးပြုသော သံဃာတော် ၆၇ ပါးအား အဆိုပါကျောင်းတိုက်၌လည်းကောင်း၊ ရန်ကင်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဒွိပိဋကဓရ ဒွိပိဋကောဝိဒ ဘဒ္ဒန္တပညာဝံသ အမှူး ပြုသော သံဃာတော်၊ ရှင်သာမဏေ ၁၈ ပါးအားအဆိုပါကျောင်းတိုက်၌လည်းကောင်း၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသူရိယ အမှူးပြုသော သံဃာတော် ၁၄ ပါးအား အဆိုပါကျောင်းတိုက်၌လည်းကောင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဆေးအဖွဲ့များက ကျန်းမာရေးစစ်ဆေးပေးပြီး Covid-19 ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို စစ်ကိုင်း တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး သံဃာတော်များအား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး ဦးစီးပဓာန ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တထုတိဝရ အမှူးပြုသော ရွှေကျင်မိုင်းလုံကျောင်း၊ ရွှေကျင်ဗန္ဓုလကျောင်း၊ ရွှေကျင်မြတောင်ကျောင်းနှင့် ရွှေကျင်မင်း ကင်းကျောင်းတို့မှ သံဃာတော် စုစုပေါင်း ၃၈ ပါးတို့အား မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီး၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူရဲတပ်ဖွဲ့ခွဲရုံးနှင့် မန္တလေးခရိုင် အတွင်းရှိ မြို့နယ် (၇)မြို့နယ်တို့မှ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၈၀၁ ဦးတို့ကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌လည်းကောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဆေးအဖွဲ့များက ကျန်းမာရေး စစ်ဆေးပေးပြီး ဃဥဠှီု-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကြာနီကန်ပရိယတ္တိစာသင်တိုက်၊ ငွေလှံ ကျောင်းတိုက်၊ လေးဂိုဏ်ထောက်ကျောင်းတိုက်တို့မှ ထေရ်ကြီးဝါကြီးဦးစီးပဓာန နာယက ဆရာတော် ၆ ပါးအား တောင်ငူမြို့၊ ကြာနီကန်ပရိယတ္တိစာသင်တိုက်၌လည်းကောင်း၊ ဌာန ဆိုင်ရာဝန်ထမ်း ၄၂၁ ဦးတို့ကို ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ရုံး၌လည်းကောင်း၊ ပြည်မြို့ရှိ ဆရာတော်ကြီးများ၊ သံဃာတော် ၉၃ ပါးနှင့် ဌာနဆိုင်ရာဝန်ထမ်း ၄၀၀ ဦးတို့ကို ပြည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးနှင့် ရွှေတောင်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်း ၃၀၀ ဦးတို့ကို မတ် ၈ ရက်ညနေပိုင်းတွင် အဆိုပါမြို့ရှိ ပြည်သူ့ဆေးရုံတို့၌လည်းကောင်း တောင်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဆေးအဖွဲ့များက သက်ဆိုင်ရာမြို့နယ်၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် ပြည်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။