မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိ

နေပြည်တော်၊ မတ် - ၁၀

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို မလိုလားသူများ အနေဖြင့် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး ဆူပူအုံကြွမှုများဖြစ်ပေါ် လာစေရန် သွေးထိုးလှုံ့ဆော်မှုများကို ပြုလုပ်လျက်ရှိပြီး အများပြည်သူ သွားလာ အသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်တွင်လည်း အတားအဆီးများဖြင့် ပိတ်ဆို့ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ယနေ့တွင်လည်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ လမ်းများတွင် ကွန်ကရစ်တုံးများ၊ သစ်ချောင်းများ၊ အခြားအတားအဆီးများဖြင့် ပိတ်ဆို့တားဆီးထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူအင်အား၊ စက်ယန္တရားအင်အား များဖြင့် ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ချမ်းမြသာစည်မြို့နယ်၊ ၁၀၉ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်း ကြားတွင် ဆူပူအကြမ်းဖက်သူအင်အား ၆၀၀ ဦးခန့်က လမ်းများပိတ်ဆို့၍ဆူပူ ဆန္ဒပြလျက်ရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆူပူအုံ<ကမှုများမဖြစ်စေရေး လူစု ခွဲကြရန် သွားရောက်မေတ္တာရပ်ခံခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြိမ်ကြိမ်ပြောဆိုခဲ့ သော်လည်း လူစုခွဲခြင်းမရှိသဖြင့် အနည်းဆုံးအင်အား အနိမ့်ဆုံးအဆင့်ဖြင့် ဥပဒေနှင့် အညီ လူစုခွဲဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူ ဆန္ဒပြသူ အမျိုးသား ၆ ဦးအား တရားဥပဒေနှင့်အညီအရေးယူနိုင်ရေး ထိန်းသိမ်းခဲ့ရသည်။

ထို့နောက် ၎င်းတို့ တားဆီးပိတ်ဆို့ထားသည့် အတားအဆီးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ရှင်းလင်းလျက်ရှိစဉ် Hilux အမျိုးအစား အဖြူရောင် မော်တော် ယာဉ်ပေါ်မှ ဆူပူအကြမ်းဖက်သူများက လေးဂွများ၊ ဂျင်ကလိများ၊ လေသေနတ်များဖြင့် ပစ်ခတ်၍ အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ ယင်းသို့ ပစ်ခတ်ထွက်ပြေးသွားခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရာ ချမ်းမြသာစည်မြို့နယ် ၁၀၇ လမ်း အနီးရှိ ခြုံပုတ်အနီးတွင် အဆိုပါမော်တော်ယာဉ်အား တွေ့ရှိရပြီး မော်တော်ယာဉ်အနီးတွင် ထိုးသွင်းဒဏ်ရာဖြင့်သေဆုံးသည်ဟု ယူဆရသည့် စိစစ်ဆဲအမျိုးသားအလောင်းတစ်လောင်းကို လေးဂွတစ်လက်၊ ကုန်းသီးများ၊ ဖန်ဂေါ်လီများ၊ အလံများ၊ ဒိုင်းများနှင့် အခြားပစ္စည်းများနှင့်အတူ တွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်တွင်ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် သေဆုံးသူ အား သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။