မင်္ဂလာတောင်ညွန့်မြို့နယ်၊ မလွှကုန်းမီးရထားဘူတာဝန်းအတွင်း အတားအဆီးများဖြင့် ပိတ်ဆို့ထားမှုအား သွေးထွက်သံယိုမရှိ ရှင်းလင်းဖယ်ရှား

မင်္ဂလာတောင်ညွန့်မြို့နယ်၊ မလွှကုန်းမီးရထားဘူတာဝန်းအတွင်း အတားအဆီးများဖြင့် ပိတ်ဆို့ထားမှုအား သွေးထွက်သံယိုမရှိ ရှင်းလင်းဖယ်ရှား

နေပြည်တော်၊ မတ် - ၁၀

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသောအုပ်စုများက ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းများအား CDM လုပ်ဆောင်ရန် စည်းရုံးသိမ်းသွင်းကာ အစိုးရရုံးလုပ်ငန်းယန္တရားပျက်ပြားစေရန် အရှိန်မြှင့်တင်ဆောင်ရွက်လာမှု တစ်ခုအဖြစ် လမ်းပန်းဆက်သွယ်ရေး ရပ်တန့်စေရန် အဓိကကျသော ပစ်မှတ်အဖြစ် မီးရထားအတွက် အဓိကကျသည့် မလွှကုန်းမီးရထားဝင်းတစ်ခုလုံးအား ထိန်းချုပ်နိုင်ရေး ဆောင်ရွက် လာခဲ့သည်။ မလွှကုန်းမီးရထားဝင်းသည် ဝန်ထမ်းများသာမက အရပ်သားများ ခန့်မှန်းစုစုပေါင်း ၅၀၀ ဦးကျော်ခန့် နေထိုင်သည့် အိမ်ထောင်သည်လိုင်းအဆောက်အဦ များရှိပြီး ၎င်းင်းအနက်မှ CDM ဦးဆောင်သူများက အဓမ္မအကြပ်ကိုင်ဖိအားပေးမှုကြောင့် မီးရထားဝန်းတစ်ခုလုံးရှိ ဝန်ထမ်းများ၊ အရပ်သားများသည် CDM တွင် ပါဝင်ခဲ့ရပြီး မီးရထားစက်ခေါင်းများနှင့် လူစီး/ကုန်တင်တွဲများ ဝန်းပြင်ပသို့ထွက်ခွာ၍မရအောင် နည်းမျိုးစုံဖြင့် ဖိအားပေးတားဆီးခဲ့သည်။

ထို့အပြင် CDM Suppotingလုပ်သူများ၏ နည်းအမျိုးမျိုးဖြင့် စည်းရုံးခြင်း၊ ထောက်ပံ့ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများကြောင့် ဝန်ထမ်းများအနေဖြင့် ၎င်းင်းတို့၏သဘောဆန္ဒမပါဝင်သော်လည်း ဃီြ ဆက်လက်ဆောင်ရွက်ခဲ့ရမှုအပေါ် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက CDM လုပ်ဆောင်ခြင်းရပ်တန့်၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရေးကို ဖေဖော်ဝါရီလ ၄ ရက်မှ မတ်လ ၈ ရက်နေ့အထိ အမျိုးမျိုးသောဖျောင်းဖျပြောဆိုခြင်း၊ မေတ္တာရပ်ခံခြင်းတို့ ဆောင်ရွက်ခဲ့သည်။

သို့သော် အကြမ်းဖက်ရန်လိုသူအုပ်စု၏ သွေးထိုးလှုံ့ဆော်မှု၊ အကြပ်ကိုင် ဖိအားပေးမှုများကြောင့် CDM ဆက်လက်လုပ်ဆောင်လာ၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီသို့ လိုအပ်သလို အရေးယူပေးနိုင်ရေး တင်ပြခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့များဖြင့် ယနေ့နံနက် ၅ နာရီမှစတင်၍ ဝင်/ထွက်သွားနိုင်သည့် လမ်းကြောင်းများအား အဆင့်ဆင့်ရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ မိသားစုပေါင်း ၅၀၀ ကျော်ခန့်ရှိသည့် မလွှကုန်းမီးရထားဝန်းတစ်ခုလုံးအား နံနက် ၉ နာရီတွင် တစ်စုံတစ်ရာ အဓိကရုဏ်းသွေးထွက်သံယိုလုံးဝမရှိဘဲ အေးချမ်းစွာထိန်းသိမ်းနိုင်ခဲ့သည်။

ယခုဖြစ်စဉ်တွင် CDM ပြုလုပ်သူ အင်အားများပြားကြသော်လည်း ၎င်းတို့၏ အမှားလုပ်ရပ်ကို သိရှိနားလည်သဘောပေါက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် နားလည်စာနာမှုဖြင့် ထိပ်တိုက်တွေ့ဆုံခြင်းမရှိခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်မှုကြောင့် ဃီတြွင် မပါမဖြစ် ပါဝင်ရ၍လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အပြည့်အဝပူးပေါင်းခဲ့ခြင်းတို့ကြောင့် သွေးထွက်သံယိုမှုမရှိဘဲ ဃီြ ဆန္ဒပြမှုကို အောင်မြင်စွာဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်ပြီး မီးရထားဝန်း ဆေးပေးခန်းအတွင်းမှ ဃီြ ပြုလုပ်သူများအတွက် ထောက်ပံ့ရန်စီစဉ်ထားသော ငွေကျပ် သိန်း ၃၀ ခန့်တန်ဘိုးရှိသည့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်၊ ဟင်းချိုမှုန့် စသည့် စားသောက်ကုန်မျိုးစုံအား သိမ်းဆည်းရမိကာ လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်နိုင်ရန် အမျိုးသား ၇ ဦးအား ခေတ္တထိန်းသိမ်းထားကြောင်းသိရှိရသည်။

လူမှုကွန်ရက်များနှင့် ၎င်းင်းမီဒီယာများပေါ်မှ သတင်းမှားများလုပ်ကြံဖန်တီးမှု များကြောင့် အကြမ်းဖက်ဆူပူဆန္ဒပြသူများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အင်အားကို အလွန်အကျွံ သုံးစွဲဖြေရှင်းကြောင်း ဝေဖန်စွပ်စွဲမှုများရှိနေသော်လည်း လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ဆူပူအကြမ်းဖက်မှုများဖြေရှင်းရာတွင် အကြမ်းဖက်လူအုပ်စု၏ လုပ်ဆောင်ချက်ပေါ်မူတည်၍ ၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ရုန်းရင်းဆန်ခတ်မှုလက်စွဲနှင့် လူစုလူဝေးအား ကြီးကြပ်ထိန်းသိမ်းခြင်းပါ ပြဋ္ဌာန်းဥပဒေ များနှင့်အညီ အနည်းဆုံးအင်အား အနိမ့်ဆုံး အဆင့်မှစ၍ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။