ဘယ်သူမှ မမျှော်မှန်းထားတဲ့ အနာဂတ်လူနေမှုဘဝကိုဖန်တီးပေးမယ့်  Smart E-Home

ဘယ်သူမှ မမျှော်မှန်းထားတဲ့ အနာဂတ်လူနေမှုဘဝကိုဖန်တီးပေးမယ့်  Smart E-Home

နည်းပညာမှတ်စု နည်းပညာခေတ်မီတိုးတက်လာသည့် ယနေ့ကမ္ဘာကြီးတွင် လူသားများ၏နေထိုင်မှုပုံစံမှာ နည်းပညာအပေါ်တွင်သာ မှီခိုလာ သည်။ အထူးသဖြင့် အပန်းဖြေရာနေအိမ်နှင့် ကျန်းမာရေးတွင် နည်းပညာကို ပိုမိုအသုံးချ လာခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် စမတ်စွမ်းအင်ကုမ်္ပဏီတို့ ပူးပေါင်းအကောင် အထည်ဖော်နေသည့်   အနာဂတ် စီမံကိန်း တစ်ခုရှိသည်။ ထိုစီမံကိန်းမှာ အနာဂတ်တွင် ပေါ်ထွက်လာမည့်    Smart E-Home  စီမံကိန်း ပင်ဖြစ်သည်။ Smart E-Home စီမံကိန်းတွင်ပါဝင်သည့် အရာများမှာ တော်ရုံလူမည်သူမျှမမျှော်မှန်း ထားသည့်အရာများဖြစ်သည်။ 
ဥပမာအားဖြင့် အပူချိန်ကို   အလိုအလျောက်ထိန်းညှိပေး နိုင်သည့်အိပ်ရာခင်း များနှင့် အရောင်ပြောင်းလဲ ပေးနိုင်သည့် ပရိဘောဂပစ်္စည်းများဖြစ်သည်။ ထိုသို့သောတီထွင်မှုများက မဝေးတော့သော အနာဂတ်တွင်  အမှန်တကယ်ဖြစ်ပေါ် လာတော့မည်ဟု   ကျွမ်းကျင်သူများကဆိုသည်။ အညစ်အကြေးများကိုလောင်စာအဖြစ် ပြောင်းလဲပေးနိုင်သည့် စမတ်အိမ်သာများ၊ အသံဖြင့်  အမိန့်ပေးခိုင်းစေမှုမှ တစ်ဆင့် အရောင်နှင့်   ပုံစံပြောင်းလဲပေးနိုင်သော ဧည့်ခန်းများ၊ မြေမဲ့နည်း စနစ်ဖြင့်စိုက်ပျိုးနိုင် သည့် သစ်သီးဝလံ ဥယျာဉ်များသည်လည်း  အနာဂတ်ဘုံဗိမာန်စီမံကိန်းတွင်   ပါဝင်သည်။ 
ထိုသို့    Smart E-Home တွင်နေသူများ အနေဖြင့်  နောက်ထပ်အပိုကုန်ကျမှုမရှိဘဲ တစ်အိမ်လုံးကို နှစ်သက်သလို အလှဆင်နိုင်ခြင်း၊ မြေမဲ့နည်းစနစ်ဖြင့်စိုက်ပျိုးသည့်သစ်သီးဝလံများကြောင့်  လတ်ဆတ်ပြီးအာဟာရနှင့် ပြည့်စုံသော အစားအစာများကို ရရှိနိုင်ခြင်း၊ အိမ်အတွက်လိုအပ်သည့်စွမ်းအင်ကို ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကိုသာ   အသုံးပြု သည့်အတွက်   ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိခြင်း စသည့် အကျိုးကျေးဇူးများကို ခံစားရနိုင်မည် ဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုရာ တွင်လည်း  အဓိကအားဖြင့် နေရောင်ခြည်စွမ်းအင်ကိုအသုံးပြုခြင်းဖြစ်သည်။ ဆိုလာပြား များမှတစ်ဆင့် ရရှိသည့် စွမ်းအင်ကို နေအိမ်အတွင်းရှိ ဘက်ထရီကြီးများ၌ သိုလှောင်ကာ အသုံးပြုခြင်းဖြစ် သည်။ အဆိုပါ    Smart E-Home နည်းပညာနှင့် ပတ်သက်၍ အရွယ်ရောက်ပြီးသူအယောက် ၂၀၀၀ ကို စစ်တမ်းကောက်ယူ လေ့လာရာ ၁၀ ယောက်တွင် ခုနစ်ယောက်က ဂေဟစနစ် နှင့်လိုက်လျောညီထွေမှု ရှိသည့် ထိုနည်းပညာ မြင့်နေ အိမ်တွင် နေထိုင်ရန် ဆန်္ဒရှိသည်ကို တွေ့ရသည်။ ထို့ပြင် ၈၃ ရာခိုင်နှုန်းကမူ အဆိုပါနည်းပညာ အသစ်များကို စိတ်ဝင်စား မှုရှိကြောင်း   စမတ်စွမ်းအင် ကုမ္ပဏီ၏ လေ့လာမှု စစ်တမ်းတွင်ဖော်ပြထားသည်။