(၁၈)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (ACDFM-18) ကို Video  Conferencing  စနစ်ဖြင့် ကျင်းပပြုလုပ်

နေပြည်တော်၊  မတ် - ၁၈

   

(၁၈)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 18th ASEAN   Chiefs  of  Defence  Forces  Meeting (ACDFM-18)  အစည်းအဝေးကို Online Video  Conferencing စနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်သည်။

   

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့တက်ရောက်ကြပြီး ဘရူနိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  Major General Dato Seri Pahlawan Haji Hamzah Bin Haji Sahat  နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Vong Pisen  နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ အင်ဒိုနီးရှား အမျိုးသားတပ်မတော်စစ်ဦးစီး အရာရှိချုပ် Lieutenant General Ganip Warsitoနှင့် ကိုယ်စားလှယ်အဖွဲ့များ၊ လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးဌာနယာယီ အကြီးအကဲ Major General Chanthong Sontaath  နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato Hj Affendi bin Buang   နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဖိလစ်ပိုင်တပ်မတော်မှ ဒုတိယတပ်မတော်ဦးစီးချုပ် Lieutenant General Erickson R.GloriaE  နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lieutenant General Melvyn Ong   နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi  နှင့် ကိုယ်စားလှယ် အဖွဲ့များ၊ ဗီယက်နမ်ပြည်သူ့ တပ်မတော် ဒုတိယစစ်ဦးစီး အရာရှိချုပ်  Senior Lieutenant General Nguyen Phuong Nam နှင့် ကိုယ်စားလှယ် အဖွဲ့များ တက်ရောက်ကြသည်။

   

ဦးစွာ(၁၈)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး (ACDFM-18) ဥက္ကဋ္ဌ ဘရူနိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အဖွင့်မိန့်ခွန်း ပြောကြားသည်။

   

ထို့နောက် (၁၈)ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (ACDFM-18)  ဥက္ကဋ္ဌ ဘရူးနိုင်ငံဘုရင့်တပ်မတော်မှ Colonel  Haji   Mohammad  Muluddin  Bin  Awang   Haji   Latif  နှင့် (၁၁)ကြိမ်မြောက် အာဆီယံ တပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး (11th  AMOM) ဥက္ကဋ္ဌ ဘရူနိုင်း ဘုရင့်တပ်မတော်မှ Brigadier General Haji Abdul  Razak  bin  Haji  Abdul Kadir    တို့က အစည်းအဝေးကျင်းပခဲ့မှု အစီရင်ခံစာများကို ဖတ်ကြားတင်ပြကြသည်။

   

ယင်းနောက် တက်ရောက်လာကြသည့် အာဆီယံနိုင်ငံ၊ တပ်မတော်များမှ ကိုယ်စားလှယ်များက  ဂရုပြု၊ ပြင်ဆင်၊ အောင်ပွဲဝင်  (We Care,  We  Prepare,  We  Prosper)  ခေါင်းစဉ်အပေါ် အမြင်များအား နိုင်ငံအက္ခရာစဉ်အလိုက် အလှည့်ကျဆွေးနွေးကြသည်။ မြန်မာ့တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးရာတွင် အစည်းအဝေးသို့ပါဝင် တက်ရောက် လာကြသူများအားလုံး ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19  ဖြစ်ပွားနေသည့် အကြပ် အတည်းကာလတွင် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း၊ မိမိတို့ အာဆီယံဒေသကြီးသည် ကမ္ဘာ့အင်အားကြီး နိုင်ငံများအင်အားပြိုင်ဆိုင်မှု၊ ပထဝီအနေအထားအရ အချက်အချာကျမှု တို့ကြောင့် လက်ရှိကာလတွင် သမားရိုးကျလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအပြင် ရာသီဥတု ပြောင်းလဲမှု၊ အရင်းအမြစ်ရှားပါးလာမှု၊ သဘာဝဘေးအန္တရာယ်၊ ပုံမှန်မဟုတ်သော ရွှေ့ပြောင်း အလုပ်သမားကိစ္စ၊ အစာရေစာရှားပါးမှု၊ လူမှောင်ခိုကုန်ကူးမှု၊ မူးယစ်ဆေးရောင်းဝယ် ဖောက်ကားမှု၊ သတင်းအချက်အလက်လုံခြုံရေး၊ ပင်လယ်ဓားပြမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအပါအဝင် အကြမ်းဖက်မှုနှင့် ကပ်ရောဂါကူးစက်ပြန့်ပွားမှုကဲ့သို့သော သမားရိုးကျ မဟုတ်သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်နေရလျက်ရှိပါ ကြောင်း။

   

သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအနက် အကြမ်းဖက်ဝါဒ နှင့် COVID-19  ကမ္ဘာ့ကပ်ရောဂါသည် အာဆီယံဒေသကြီးတစ်ခုလုံးကို အဓိကကြီးမားစွာ ခြိမ်းခြောက်နေသည့် ကိစ္စရပ်များ ဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံချင်းအနေဖြင့် ဖြေရှင်း ခြင်းထက် နိုင်ငံအများစည်းလုံးညီညွတ်စွာ ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းခြင်းက ပိုမိုထိရောက် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အားနည်းချက်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များရှိနေမှု၊ ငွေကြေးဆိုင်ရာ စီးဆင်းမှုများကို စောင့်ကြည့် ကြပ်မတ်မှုများ အပြည့်အ၀ မလုပ်ဆောင်နိုင်မှု၊ အကြမ်းဖက်သမားများ၏ အဓိက ငွေဝင် လမ်းကြောင်းဖြစ်သည့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ ဒေသအတွင်း ကျယ်ပြန့်စွာဖြစ်ပေါ်နေမှု၊ မိမိတို့ အာဆီယံဒေသအတွင်း၌ အခြားသောဒေသများမှ လက်နက်အထောက်အပံ့များကို အများအပြား ရရှိနိုင်မှုစသည့် အချက်များသည် အာဆီယံ ဒေသတွင်း၌ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တွန်းလှန်ရာတွင် ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အဓိကအတားအဆီး ဖြစ်နေသည့် အချက် များပင်ဖြစ်ပါကြောင်း။

   

လက်ရှိဖြစ်ပွားနေသော COVID-19 ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါသည် ကမ္ဘာ့လူဦး ရေ ဘီလီယံခန့်၏ ဘဝကို ပြောင်းလဲမှုများစွာ ဖြစ်ပေါ်စေခဲ့ပြီး သက်ဆိုင်ရာအစိုးရများ နှင့် နိုင်ငံသားများအနေဖြင့် ဘဝနေထိုင်မှုပုံစံအသစ် New normal  နှင့်ပတ်သက်၍ များစွာ ထည့်သွင်းစဉ်းစားလာရလျက်ရှိပါကြောင်း၊ COVID-19  ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ဆင်းရဲမွဲတေမှုနှုန်းမြင့်တက်လာခြင်း၊ အမျိုးသမီးများအပေါ် ရိုက်ခတ်မှုကြီးမားခြင်း၊ ပညာ ရေးဆိုင်ရာကိစ္စရပ်များ နှောင့်နှေးကြန့်ကြာရခြင်း၊ လူမှုဘဝလုံခြုံစိတ်ချရမှုကို ထိခိုက်ခြင်း၊   IDP   စခန်းများရှိ ဒုက္ခသည်များအတွက် ဘေးအန္တရယ်ထူပြောလာခြင်း၊ ဆင်ခြေဖုံးဒေသ များတွင် နေထိုင်သူများအကြား ရောဂါဖြစ်ပွားနိုင်ခြေမြင့်မားလာခြင်း၊ ဝင်ငွေနည်းပါးလာ ခြင်းနှင့် အလုပ်အကိုင်များလက်လွှတ်ဆုံးရှုံးရခြင်း၊ ကမ္ဘာ့ကုန်ကူးသန်းရောင်းဝယ်မှု ကျဆင်းလာခြင်း၊ စားသောက်ကုန်များရှားပါးလာခြင်းနှင့် ခရီးသွားလုပ်ငန်းများ အလွန်အမင်း ကျဆင်းလာခြင်း အစရှိသည့် လူမှုစီးပွား ကဏ္ဍများတွင် သက်ရောက်မှုကြီးမားစွာ ဖြစ်ပေါ် လျက်ရှိပါကြောင်း။

   

မိမိတို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် COVID-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကြောင့် နောက်ဆက်တွဲ ရိုက်ခတ်မှုများကို လျော့ချရန်နှင့် တားဆီးကာကွယ်နိုင်ရေးအတွက် မိမိတို့အနေဖြင့် နိုင်ငံအလိုက် ကျင့်သုံးလျက်ရှိသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ရန်၊ လူမှု-စီးပွားကဏ္ဍတွင် ထိခိုက်ခံစားရသူများ၏ လိုအပ်ချက်နှင့် ရပိုင်ခွင့်များကို ထိရောက်စွာ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန်၊ အဆိုပါထိခိုက်ခံစားခဲ့ ရသည်ကို ရေရှည်တွင် ပြန်လည်ကုစားကူညီပေးနိုင်ရေးအတွက် အစီအမံများနှင့် မူဝါဒ များချမှတ်ဆောင်ရွက်ထားရန် သက်ဆိုင်ရာနိုင်ငံများက COVID-19  ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအရေးပေါ်တုန့်ပြန်ရေးအဖွဲ့များ၊ ကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် မိမိတို့တပ်မတော် အသီးသီးကလည်း ထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက် ရန် လိုအပ်မည်ဖြစ်ပါကြောင်း။

   

 

ဂရုပြု၊ ပြင်ဆင်၊ အောင်ပွဲဝင် (We  Care , We  Prepare,  We  Prosper) ဟူသည့် ယခုနှစ်အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး၏ ဆောင်ပုဒ်အတိုင်း မိမိတို့အနေဖြင့် သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ အားလုံး၏ အန္တရာယ်ကို ကြိုတင်မျှော်တွေး၍ ဂရုတစိုက်လေ့လာ ဆန်းစစ်ခြင်း၊ စိန်ခေါ်မှုများကို မိမိတို့အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်း နှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ မှတစ်ဆင့် ရရှိလာသော ရလဒ်များကို အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းမျှေ၀ ခံစားခြင်းတို့ကို မလွဲမသွေ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

   

ဆက်လက်ပြီး အာဆီယံစစ်ဘက်ဆိုင်ရာ လေ့ကျင့်ခန်း (ASEAN Military Exercise-AMX) လုပ်ငန်းစာတမ်းအား ဆွေးနွေးခြင်း၊ အာဆီယံတပ်မတော်များ၏ နှစ် လုပ်ငန်းစီမံချက်(၂၀၂၁-၂၀၂၃) Two Year Working Plan(2021-2023) အား အတည် ပြုခြင်း၊ ACDFM-18   ပူးတွဲထုတ်ပြန်ကြေညာချက်  Joint Statement  အား အပြီးသတ် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြပြီး Joint Statement  ကို အတည်ပြုကြသည်။

   

ယင်းနောက် 18th ASEAN   Chiefs  of  Defence  Forces  Meeting (ACDFM-18)  ဥက္ကဋ္ဌ ဘရူးနိုင်ငံဘုရင့်တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အပိတ် မိန့်ခွန်းပြောကြားပြီး  19th ASEAN   Chiefs  of  Defence  Forces  Meeting (ACDFM-19)  ဥက္ကဋ္ဌ ကို အလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူ ဆောင်ရွက်မည့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ဥက္ကဋ္ဌတာဝန် များအား လွှဲပြောင်း ပေးအပ်သည်။

   

ထို့နောက် ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွှဲပြောင်းလက်ခံမှု မိန့်ခွန်းပြောကြားပြီး အစည်းအဝေး အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။