မိုးသည်းထန်စွာ ရွာသွန်းပြီး မြေသားနံရံပြိုကျကာ လမ်းပိတ်ဆို့ခဲ့သည့် သံတောင်ကြီးမြို့၊ အမှတ်(၃)ရပ်ကွက်၌ ကူညီဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၂၃

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၌ ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် အမှတ်(၃)ရပ်ကွက်အတွင်း လမ်းဘေးနံရံ မြေပြိုကျပြီး ကားလမ်းပေါ်သို့ ပေ ၃၀ ခန့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည့် နေရာသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘုရင့်နောင်တပ်နယ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မြေစာများဖယ်ရှားရှင်းလင်းခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကားလမ်းကို ပုံမှန်အတိုင်း သွားလာ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။