ရပ်စောက်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(ဗထူး)သို့ COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း(ဗထူး)၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းအဆင့် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာတိုင်းမှူးနှင့် အဖွဲ့ဝင်များက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းအဆင့် တက်ရောက်ပညာ သင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများအား COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Mask ၁၀၀၀ ခု၊ Hand Gel ၁၀၀ ဘူးနှင့် Face Shield ၁၅၂၀ ခုတို့ကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကျောင်းစာသင်ခန်းများနှင့် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။