ဆူပူအကြမ်းဖက်သူများက ဒေသခံပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီး၊ နိုင်ငံတော်ပိုင် အဆောက်အဉီများအား လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

နေပြည်တော်၊ ဧပြီ -

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊  တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အား ဧပြီ ရက် နာရီ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူ ဦးမှ ဆိုင်ကယ် စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့အသင့်ပါလာသည့် လက်လုပ်ဗုံး လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့ရာ ရဲတပ်မှူးရုံးအတွင်း ကျရောက်မှုမရှိဘဲ ခြံစည်းရိုးအုတ်တံတိုင်းအား ထိမှန်၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

 

အလားတူ ဧပြီလ ရက် နာရီ ၅၀ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ဖျားရပ်ကွက်ရှိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုရုံးအား ဆူပူအကြမ်းဖက်သူအမျိုးသား ဦးက ဆိုင်ကယ် ၁စီးဖြင့် ရောက်ရှိလာပြီး မီးပုလင်းဖြင် ပစ်ပေါက်ခဲ့ရာ အဆိုပါရုံးအမိုးပေါ် ကျရောက်ပေါက်ကွဲမီးလောင်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။

 

ထို့အတူ ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် နေပြည်တော် ကောင်စီနယ်မြေ၊ လယ်ဝေးမြို့၊ အမှတ်()ရပ်ကွက်ရှိ ဗိုလ်ချုပ် ကြေးရုပ်အနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအသုံးပြုသည့် မော်တော်ယာဉ်အား ဆူပူအကြမ်းဖက်သူ အမျိုးသား ဦးက ဆိုင်ကယ် စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်မိုင်း လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လူနှင့်ယာဉ် ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

 

၎င်းအပြင် ယနေ့နေ့လယ် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရှင်စောပုရပ်ကွက်၊ ရှင်စောပုလမ်း၊ UTC နောက်ကျော၊ ထရန်စဖော်မာအနီး ဆူပူအကြမ်းဖက်သူများက လက်လုပ်အသံမိုင်းဖြင့် ပေါက်ခွဲခဲ့ ရာ လူ/အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

 

ထို့ပြင် ယနေ့နေ့လယ် ၁၂ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ပဲခူးဘူတာနှင့် ရွှေလှေဘူတာကြား မီးရထားသံလမ်း၊ မိုင်တိုင်အမှတ် ၄၈၊ ကြေးနန်းတိုင်အမှတ် ၁၀ နှင့် ၁၁ အကြား တံတားအမှတ် ၆၂ တွင် Breaktime စာတမ်းပါ နီဝါရောင်မုန့်ပုံး ပုံးအား ကိုက် ၅၀ ခန့်အရှည်ရှိ ဝိုင်ယာကြိုးဖြင့် ဆက်သွယ်ထားသည့် မိုင်းဟုယူဆရသော မသင်္ကာဖွယ်ပုံး ပုံးတွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ TNT အဝါရောင်ယမ်းပြင်းမှုန့် ပေါင်ခန့်အား ဒီတိုနေတာဖြင့် ဆက်သွယ်၍ မိုင်းထောင်ထားသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များမှ မိုင်းအား ရှင်းလင်းခဲ့ရာ မွန်းလွဲ နာရီ ၅၀ အချိန်တွင် ရှင်းလင်းမှုပြီးစီးခဲ့ကြောင်း သိရှိရသည်။

 

အလားတူ ယနေ့နေ့လယ် ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ အမှတ်()ရပ်ကွက်၊ ကံ့ကော်လမ်းရှိ နယ်မြေခံတပ်အား ဆူပူအကြမ်းဖက်လူတစ်စုက လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ခတ်ထွက်ပြေးသွား ခဲ့ပြီး အဆိုပါလက်လုပ်မိုင်းမှာ တပ်ဝန်းအတွင်းရှိ ကျရောက်ပေါက်ကွဲခဲ့ရာ လူ/အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

 

ထို့အတူ ယနေ့နံနက် နာရီ ၄၀ မိနစ်ခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရှမ်းပြည်နယ်လွတ်တော် အဆောက်အဦ အား ဆူပူအကြမ်းဖက်သူများက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

 

ထို့ပြင် ယနေ့နံနက် နာရီခန့်တွင် တမူးမြို့၊ မြို့မရပ်ကွက်၊ နန့်ဖာလုံဈေးအနီး ရှိ မီးသတ်ရုံးအား ဆူပူအကြမ်းဖက်သူအင်အား ၁၅ ဦးခန့်က တူမီးသေနတ်၊ လက် လုပ်သေနတ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ထုံး လုပ်နည်းများနှင့်အညီ လူစုခွဲဖြိုခွဲခဲ့ရာ နံနက် နာရီခွဲခန့်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူများထဲမှ အမျိုးသား ဦးအား အသေဖမ်းဆီးရမိခဲ့သည်။

 

၎င်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်နေ ဒေါ်စန်းစန်းဝင်း () ဦးဉာဏ်သောင်း၏ နေအိမ်အား ဧပြီ ရက် ညနေ နာရီခန့်တွင် ဆူပူအကြမ်း ဖက်သူ လူတစ်ဦးက မီးပုလင်းဖြင့် လမ်းပေါ်မှနေ၍ ပစ်ပေါက်ခဲ့ရာ နေအိမ်ခြံစည်းရိုး ဘေးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

 

အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍  မီးသတ်ယာဉ် စီး၊ ရေသယ်ယာဉ် စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် နေအိမ် လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

 

အလားတူ ဧပြီ ရက်နှင့် ယနေ့ တို့တွင်လည်း ဆူပူအကြမ်းဖက်သူများက ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဉက္ကလာပမြို့နယ်၊ အမှတ်()ရပ်ကွက်၊ ဘေလီ တံတားအဆင်းနေရာ၌ရှိသည့် ယာဉ်ထိန်း ရဲတပ်ဖွဲ့အဆောက်အဦ အား လည်းကောင်း၊ အမှတ်()ရပ်ကွက်၊ ပါရမီလမ်းနှင့် ဝေဇန္တာလမ်းထောင့်နေရာ၌ ရှိသည့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ အဆောက်အဦအားလည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ နဝဒေး လမ်းဆုံနေရာ ၌ရှိသည့် ယာဉ်ထိန်းရဲအဆောက်အဦ တို့အားလည်းကောင်း  အသီးသီးမီးရှို့ဖျက်ဆီး ခဲ့ကြကြောင်း သိရှိရသည်။

 

အထက်ပါဖြစ်စဉ်များတွင် အများပြည်သူအထိတ်တလန့်ဖြစ်စေရန်နှင့် နိုင်ငံတော်ပိုင် အဆောက်အဦများအား မင်းမဲ့စရိုက်ဆန်စွာ ဖျက်ဆီးခဲ့သူများအား ကျူးလွန်ခဲ့သူများအား ထိရောက်စွာအရေးယူနိုင်ရေးအတွက် အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။