တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု နယ်မြေအတွင်းသို့ သွားရောက်မည့် လူငယ် ၅ ဦးအား ထိန်းသိမ်း

နေပြည်တော်၊ ဧပြီ  -

 

အကြမ်းဖက်ဆန္ဒပြရာတွင်ပါဝင်သော လူငယ်များအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနှင့်ချိတ်ဆက်၍ ဖောက်ခွဲရေးသင်တန်းတက်ရောက်ရန် သွားရောက်မည်ဖြစ်ကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာနယ်မြေများအလိုက် လုံခြုံရေးလုပ်ငန်းများ အား အထူးကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ မတ် ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ခွဲခန့်တွင် တောင်ငူမြို့၊ ရန်ကုန်-မန္တလေးလမ်း၊ အင်းဝဘဏ်လမ်းထောင့်၌ နေပြည်တော်ဘက် မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးစိုးမိုး()ဦးစံဌေး မိတ္ထီလာမြို့နေသူ မောင်းနှင်လာ သည့် ယာဉ်အမှတ်၊  4P/ 7429 Toyota Vios အမျိုးအစားမော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်မှ  မိတ္ထီလာမြို့နေသူ ဦးဖြစ်သည့် ဒေါ်ရွှေဇင်အေး() ဦးစန်းရွှေ၊ အသက် ၃၈ နှစ်၊ ဦးတာရာစိုး()ဦးစိုးမင်း၊ အသက် ၂၁ နှစ်တို့အား လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ရန်ကုန်-မန္တလေးကားလမ်း၊ ပေါ်တော်မူဘုရားရှေ့၌ ယာဉ်မောင်း ဦးဇော်ဇော်()ဦးကျင်သောင်း မြင်းခြံမြို့နေသူ မောင်းနှင်လာသည့်  ယာဉ်အမှတ်၊  6Q/ 2462 KIA Picanto အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်မှ ၎င်း၏ဇနီးဖြစ်သူ ဒေါ်သိမ့်သန္တာနှင်း ()ဦးမျိုးသက်၊ အသက် ၃၈ နှစ်တို့အား လည်းကောင်း၊ လက်တော့ လုံး အပါအဝင် အခြားဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိခဲ့သဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နယ်မြေများအတွင်းသို့ စစ်သင်တန်း တက်ရောက်ရန် သွားရောက်ကြမည့်သူများဖြစ်ကြောင်း သိရှိရသဖြင့် အချိန်မီဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။

 

ထိန်းသိမ်းခံရသူများ၏ထွက်ဆိုချက်အရ ၎င်းတို့သည် ဆူပူအကြမ်းဖက် ဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်ပြုတိုက်ခိုက်ရန် ဒိုင်း၊ လှံစသည့်ပစ္စည်းများအား ထောက်ပံ့ပေးခြင်း၊ CDM ပြုလုပ်သည့် ဝန်ထမ်း များအား ထောက်ပံ့ရန်အတွက် ထောက်ပံ့ငွေများအား အလှူခံခြင်း၊ ထောက်ပံ့ ပေးခြင်း၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများအား စမ်းသပ်ဖောက်ခွဲခြင်း၊ CDM ဆောင်ရွက်မှုမရှိသော ဆရာ၊ ဆရာမများအား Social  Punishment  ပြုလုပ်ခြင်း များ ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အနေဖြင့် စစ်သင်တန်းတက်ရောက်ရန်အတွက် ဦးထက်အောင်(၅၂)နှစ်(အဘ၊နေရပ်) စိစစ်ဆဲ(၈၈မျိုးဆက်ကျောင်းသားဟောင်း)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ အဆင့်စိစစ်ဆဲ ဦးမြင့်စိုး တို့နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါဖမ်းဆီးထိန်းသိမ်းထားသူများအား  နိုင်ငံတော်အကြည်ညိုပျက် စေမှု ပုဒ်မ - ၅၀၅()ဖြင့်  အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ဆက်စပ်တရားခံ ဦးထက်အောင်နှင့် ဦးမြင့်စိုး တို့  ဦးအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။