တူမီးသေနတ်များနှင့် လက်လုပ်သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့လာရောက်အပ်နှံ

နေပြည်တော်၊ ဧပြီ -

 

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့၌ ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့် လက်လုပ်သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းအရ အေပြီ ရက်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ သွား ရောက်၍ ဒေသခံပြည်သူများကို တရားမဝင်လက်နက်ကိုင် ဆောင်ခြင်းသည် တရား ဉပဒေဖြင့် ထိရောက်စွာအရေးယူခံရနိုင်ကြောင်း နားလည်သဘောပေါက်အောင် ရှင်း လင်း ပြောကြားသည်။

 

ယင်းသို့ ရှင်းလင်းပြောကြားမှုကြောင့် ကျေးရွာနေပြည်သူများက နားလည် သဘောပေါက်ကာ တူမီးသေနတ် ၁၄၆ လက်နှင့် လက်လုပ်သေနတ် ၄၄ လက်တို့ကို ၎င်းတို့ သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက် အပ်နှံခဲ့ကြသည်။

 

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုံးမြို့နယ်နှင့် ကျောင်းကုန်းမြို့နယ် များရှိ ကျေးရွာအချို့တို့မှ ဒေသခံပြည်သူများက လေသေနတ် ၁၉ လက်တို့အား ၎င်းတို့သဘောဆန္ဒအလျောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံ ခဲ့ကြ ကြောင်း သတင်းရရှိသည်။