တာချီလိတ်မြို့နယ်၊ အဒီးကျေးရွာ၌ ငွေကျပ်သိန်းပေါင်း ၁၄၀၀ ကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်၊ အဒီးကျေးရွာ၌ ငွေကျပ်သိန်းပေါင်း ၁၄၀၀ ကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ နေပြည်တော် ၊  ဇူလိုင် - ၂၃ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းအုပ်စု၊ အဒီးကျေးရွာရှိ ဦးလော်မာ(ဘ) ဦးအားထူ၏ နေအိမ်အား ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် လုံခြုံရေး တပ်ဖွဲ့ ဝင်များက သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်အိပ်ခန်းနှင့် မြေအောက်ခန်း အတွင်းမှ WY  စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၆၀၀ ပြား၊ ဘိန်းဖြူ ၁၀ ဂရမ်ခန့်၊ အိုက်စ် ၉ ဂရမ်ခန့်၊ ဘိန်းစိမ်း ၄၀ ဂရမ်ခန့်၊ ပွိုင့် ၃၈၀ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၇ တောင့်၊ ခြောက်လုံးပြူး ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ တစ်လုံးထိုးပြောင်း ချောသေနတ် ၂ လက်၊ တူမီးသေနတ် ၂ လက်၊ လေသေနတ် ၁ လက်၊  ၁၂ ဗို့ကျည် ၁၁၀ တောင့်၊ ၆ ဒသမ ၃၅ ကျည် ၄၁ တောင့်၊ WINCHESTER 40 SAW  စာတန်းပါကျည် ၄၇ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိ (မူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၄၀၀ ကျော်)၊ လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူအား တာချီလိတ်မြို့မ ရဲစခန်းမှ တရားဥပဒေအရ အရေးယူ နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။