SJ WorldNews - шаблон joomla Авто

Myanmar International Series ကြက်တောင်ပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များ ဆက်လက်ကျင်းပ

Thursday, 12 September 2019 12:36 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့၌ကျင်းပသည့် Myanmar International Series ကြက်တောင်ရိုက်ပြိုင်ပွဲ ဒုတိယနေ့ကို  စက်တင်ဘာ ၁၁ ရက်က ဆက်လက် ကျင်းပသည်။

ဒုတိယနေ့တွင်  အမျိုးသားနှစ်ယောက် တွဲပြိုင်ပွဲ  အမျိုးသား တစ်ဦးချင်းပြိုင်ပွဲနှင့်  အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲများ ယှဉ်ပြိုင် ကြရာ  အိမ်ရှင်မြန်မာ နိုင်ငံအပါအ၀င် အိနိ္ဒယ၊ အင်ဒိုနီးရှား၊ အင်္ဂလန်၊ မလေးရှား၊ ထိုင်း၊ တရုတ် (တိုင်ပေ)၊  သီရိ လင်္ကာနှင့်   သြစတြေးလျနိုင်ငံ တို့မှ ကြက်တောင် အားကစားသမားများ  ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ပြိုင်ပွဲတွင် မြန်မာကြက်တောင် ကစားသမား  ထူးအောင်မျိုးနှင့် ဘုန်းပြည့်နိုင်တို့အတွဲက ထိုင်းနိုင်ငံမှ  ကြက်တောင် ကစားသမား Panu RAKMESI နှင့် Krit TANTIANANKUL အတွဲနှင့် လည်းကောင်း၊  ဇော်လင်းထူးနှင့် သူရိန်တို့ အတွဲက မလေးရှားကစား သမား Chun Ham LO နှင့် Chun Hoong LO တို့ အတွဲနှင့်လည်းကောင်း၊ ချမ်းဝင်းဦးနှင့် ဟိန်းစည်သူတိုး တို့အတွဲက အိနိ္ဒယ ကစားသမား Utkarsh ARORA နှင့် Shivam SHARMA တို့အတွဲနှင့် လည်းကောင်း  ယှဉ်ပြိုင်ခဲ့ကြသည်။ အလားတူ အမျိုးသမီး တစ်ဦးချင်း ပထမအဆင့် ပွဲစဉ်များတွင် ဇွန်မျိုးသက်က အင်ဒိုနီးရှား ကစားသမား Tasya FARAHNAILAH နှင့်လည်း ကောင်း၊ ခိုင်သင်ဇာက  အိန်္ဒိယ ကစားသမား  Dapahaa JOSHI နှင့်လည်း ကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့ ကြ ကြောင်း သိရသည်။

အမျိုးသမီး တစ်ဦးချင်း ဒုတိယ အဆင့် ပြိုင်ပွဲများကို  စက်တင်ဘာ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ရာ မြန်မာ ကြက်တောင် ကစားသမား သက်ထား သူဇာသည် ထိုင်းကစားသမားနှင့် ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ဒုတိယအဆင့်မှ စတင် ကစားရ မည်ဖြစ် ကြောင်း သိရသည်။

ဝန်းရံခ

Read 17 times Last modified on Thursday, 12 September 2019 12:38