SJ WorldNews - шаблон joomla Авто

အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲကို အမြန်ဆုံး ပြန်လည်ကျင်းပနိုင်ရန် ONE Championship ကြိုးပမ်းမည်

Wednesday, 01 July 2020 09:31 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြန်လည်ကျင်းပမည့် MMA ပြိုင်ပွဲကို ဇူလိုင် ၃၁ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ONE Champion-ship စီအီးအို ချာထရီ၏ ပြောပြချက်အရ သိရသည်။

No Surrender အမည်ဖြင့် ကျင်းပမည့် MMA ပြိုင်ပွဲကို ဇူလိုင် ၃၁ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည်ဖြစ်ပြီး ပရိသတ်မပါဘဲ  ကျင်းပမည်ဖြစ်ကြောင်း ONE Championship မှ ထုတ်ပြန်ထားသည်။

ယင်းပြိုင်ပွဲသည် COVID-19 ရောဂါကာလအတွင်း ပြန်လည်ကျင်းပသည့် ONE Championship ၏ ဒုတိယမြောက်ပြိုင်ပွဲ ဖြစ်ပြီး ဇွန်လတတိယပတ်က တရုတ်နိုင်ငံ၌ One Hero Series 13 & 14 Kickboxing ပြိုင်ပွဲကို ပရိသတ်မပါဘဲ ကျင်းပခဲ့သည်။

တရုတ်နိုင်ငံမှာကျင်းပတဲ့ One Hero Series 13 & 14 Kickboxing   ပြိုင်ပွဲကို  အောင်မြင်စွာ ကျင်းပနိုင်ခဲ့လို့  ဇူလိုင် ၃၁  ရက်မှာတော့   ထိုင်းနိုင်ငံမှာ   No Surrender  MMA ပွဲကျင်းပပါမယ်။ ဒီပွဲမှာတော့ ပရိသတ်မပါဘဲ ကျင်းပမှာ ဖြစ်ပေမယ့် ကမ္ဘာတစ်ဝန်းက တိုက်ရိုက်ကြည့်နိုင်အောင်   ထုတ်လွှင့်ပေးပါမယ်။  ဒီပွဲမှာအသစ်လုပ်ဆောင်မယ့် One Dark Series ပြိုင်ပွဲကျင်းပဖို့ ကြေညာပေးပါမယ်။ ဒါ့ပြင်ရွှေ့ဆိုင်းထားတဲ့  အောင်လရဲ့  ချန်ပီယံကာကွယ်ပွဲတွေအပြင် တခြားပွဲစဉ်တွေကိုလည်း အမြန်ဆုံး ပြန်လည်ကျင်းပနိုင်ဖို့ ကြိုးပမ်းနေပါတယ် ဟု ONE Cham-pionship မှ ထုတ်ပြန်သည်။

ONE Cham-pionship သည် ဇူလိုင်လမှ  ဒီဇင်ဘာလအထိ  MMA  ပြိုင်ပွဲပေါင်း ၁၇ ပွဲ ကျင်းပရန် စီစဉ်ထားသော်လည်း အာရှနိုင်ငံများ၏ COVID-19 ရောဂါ  ထိန်းချုပ်နိုင်ခြင်းပေါ် မူတည်၍ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း   ONE Championship  က ဖော်ပြထားသည်။

အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့၏ မစ်ဒယ်ဝိတ်တန်းချန်ပီယံ ကာကွယ်ပွဲကို အမြန်ဆုံး ပြန်လည်ကျင်းပနိုင်ရန်  စီစဉ် လျက်ရှိကြောင်း သိရသည်။        

ကိုရဲ

Read 18 times Last modified on Wednesday, 01 July 2020 09:35