ဆယ်ကျော်သက်လူငယ်တို့၏အသိဉာဏ်ဆိုင်ရာပြောင်းလဲရေး မိဘတို့က စောင့်ကြည့်ပေး
လူတစ်ဦး၏ဘဝတစ်ခုအတွက် ကျန်းမာရေးနှင့် ပညာရေးသည် အရေးကြီးဆုံးဖြစ်သည်။ မိသားစုတစ်စုတွင် ကလေးတစ်ဦး မွေးဖွားလာ၍ ဘဝကိုစတင်လိုက်ပြီဆိုလျှင် ကလေး၏ ကျန်းမာရေး၊ ပညာရေးတို့ကို ဦးစားပေးပြီး မြေတောင်မြှောက် ပျိုးထောင်ပေးရန်မှာ မိဘတို့၏တာဝန်ပင်ဖြစ်ပေသည်။ ထို့အတူ ဆယ်ကျော် သက်အရွယ်သားသမီးတို့၏ အသိဉာဏ်ဆိုင်ရာပြောင်းလဲမှုများကို စောင့်ကြည့်ရန်မှာလည်း မိဘတို့၏ တာဝန်ပင်ဖြစ်သည်။
ဆယ်ကျော်သက်အရွယ်ဟုဆိုရာတွင် အသက် ၁၂ နှစ်၊ ၁၃ နှစ်မှ အသက် ၁၇ နှစ်၊ ၁၈ နှစ်အထိဖြစ်သည်။ ကလေးဘဝကို ကျော်လွန်ပြီးဖြစ်သော်လည်း လူကြီးဘဝ မရောက်သေးသည့်ကြားကာလ တစ်ခုကို ရည်ညွှန်းသည်။