အပြောစကားပြေအစဉ်အလာ( )
ကုန်းဘောင်ခေတ်ကစာတွေမှာရော အပြောမှာ သုံးတဲ့စကားတွေ ပိုများမလာဘူးလား
အင်း...ကုန်းဘောင်ခေတ်ဟာ စာမျိုးစုံထွန်းကားတဲ့ခေတ်ဆိုတော့ စကားပြေတွေ အရင်ကထက်ပိုများပါတယ်။ ကဗျာတွေကတော့ ဒါ့ထက်ပိုများတာပေါ့ဗျာ။ ဒါပေမဲ့ ညောင်ရမ်းခေတ်တုန်းကလိုပဲ စကားပြေထဲမှာ အပြောစကားသိပ်မပါသေးဘူး။ ပြဇာတ်မှာတော့ တော်တော်ပါနေပြီ။ ကဗျာဆိုရင်လည်း ခံ့ခံ့ညားညားရေးတဲ့ပျို့၊ မော်ကွန်း၊ ဧချင်း၊ ရတု စတဲ့ကဗျာတွေမှာ အပြောစကားမပါဘူးဗျ။ သာမန်ပြည်သူတွေအကြောင်း ရေးတဲ့လွမ်းချင်းတို့၊ ဗုံကြီးသံတို့၊ ကောက်စိုက်သီချင်းတို့လို ကဗျာတွေမှာ အပြောစကားတွေတော်တော်ပါနေပါပြီ