နိုင်ငံချစ်စိတ်ဖြင့် တိုးတက်အောင်ကြိုးစား
အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ မေ ၂၁ ရက်)
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာခေတ်၏စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတမည်မျှပင် ပေါကြွယ်ဝစေကာမူ လူသားအရင်းအမြစ်ကြွယ်ဝမှုမရှိလျှင် ထိုနိုင်ငံဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ပါ။ ကမ္ဘာ့နိုင်ငံ အသီးသီးသည် မိမိနိုင်ငံရှိ လူသားအရင်းအမြစ်ကြွယ်ဝစေရန်အတွက် မျိုးဆက်သစ် လူငယ်များကို ဘက်ပေါင်းစုံတွင် ထူးချွန်ထက်မြက်အောင်ပြုစုပျိုးထောင်ပေးလျက်ရှိကြသည်။