နိုင်ငံတကာသတင်း

အီရတ်နှင့်ဆီးရီးယားရှိ အမေရိကန်စစ်သည်များ ဦးနှောက်ထိခိုက်ဒဏ်ရာများရရှိ

 

အီရတ်နှင့်ဆီးရီးယားရှိ အမေရိကန်စစ်သည်များ ဦးနှောက်ထိခိုက်ဒဏ်ရာများရရှိ

ရုရှားက ICC မှနောက်ထပ်တရားသူကြီးတစ်ဦးကို အလိုရှိသူစာရင်းထဲထည့်သွင်း

 

ရုရှားက ICC မှနောက်ထပ်တရားသူကြီးတစ်ဦးကို အလိုရှိသူစာရင်းထဲထည့်သွင်း

ရုရှားက အာရှဒေသကို ဦးစားပေးပြီး ကမ္ဘာ့ဈေးကွက်သို့ ဟိုက်ဒရိုဂျင် တင်ပို့ရန်စီစဉ်

ရုရှားက အာရှဒေသကို ဦးစားပေးပြီး ကမ္ဘာ့ဈေးကွက်သို့ ဟိုက်ဒရိုဂျင် တင်ပို့ရန်စီစဉ်

 

    ရုရှားနိုင်ငံက ယခုဆယ်စုနှစ်အကုန်တွင် အာရှဒေသကို ဦးစားပေးပြီး ကမ္ဘာ့ဈေးကွက် သို့ ဟိုက်ဒရိုဂျင်များ တင်ပို့ရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံပိုင် Rosatom ကော်ပိုရေးရှင်း ကကြေညာသည်။

အိန္ဒိယက ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်တစ်လျှောက်တွင် ပျားစစ်သည်များကို ဖြန့်ကြက်

အိန္ဒိယက ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်တစ်လျှောက်တွင် ပျားစစ်သည်များကို ဖြန့်ကြက်

 

    အိန္ဒိယနယ်ခြားစောင့် တပ်ဖွဲ့က အရှည် ၄၀၉၆ ကီလိုမီတာရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့်    နယ်စပ်တစ်လျှောက်၌ ပျားစစ်သည်များကို  ဖြန့်ကြက်သည့် အနေဖြင့် ပျားအုံများကို နေရာချထားကြောင်း သိရသည်။

 အမေရိကန်က အီရန်ကိုအင်အားပြရန် နျူကလီးယား ရေငုပ်သင်္ဘော တစ်စင်းစေလွှတ်

 အမေရိကန်က အီရန်ကိုအင်အားပြရန် နျူကလီးယား ရေငုပ်သင်္ဘော တစ်စင်းစေလွှတ်

 

    အမေရိကန်ရေတပ်က နျူကလီးယားစွမ်းအင်သုံး   ရေငုပ်သင်္ဘော တစ်စင်းကို အလယ်ပိုင်းစစ်ဌာနချုပ်သို့ စေလွှတ်ထားရာ ရောက်ရှိသွားပြီဖြစ်ကြောင်း နိုဝင်ဘာလ ၆ ရက်တွင်ကြေညာသည်။

အမေရိကန်ဘက်က    ယခုကဲ့သို့ နျူကလီးယား ရေငုပ်သင်္ဘောတစ်စင်းကို စေလွှတ်ခြင်းသည် အီရန်ကို အင်အားပြရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။

တရုတ်နှင့်အမေရိကန်တို့က လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်များ အကောင်အထည်ဖော်ရေး ဆွေးနွေးမည်

တရုတ်နှင့်အမေရိကန်တို့က လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်များ အကောင်အထည်ဖော်ရေး ဆွေးနွေးမည်

 

    တရုတ်အစိုးရနှင့် အမေရိကန်အစိုးရတို့အနေဖြင့် အပြည်ပြည်ဆိုင်ရာ လက်နက်ထိန်းချုပ်ရေး  သဘောတူညီချက်များ အကောင်အထည်ဖော်ရေးကို  ဆွေးနွေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်းက နိုဝင်ဘာလ ၆ ရက်တွင်ပြောသည်။

ကနေဒါနိုင်ငံက စီးပွားပျက်ကပ်ဆီ ဦးတည်နေ

ကနေဒါနိုင်ငံက စီးပွားပျက်ကပ်ဆီ ဦးတည်နေ

 

    ကနေဒါနိုင်ငံ၏   စီးပွားရေးသည် သြဂုတ်လတွင် ဆက်လက် ကျဆင်းနေဆဲဖြစ်ပြီး တတိယသုံးလပတ် ကာလအတွင်း ယခုထက်ပိုမိုကျဆင်းမည့် အနေအထား ရှိနေကြောင်းနှင့် နိုင်ငံအနေဖြင့် စီးပွားပျက်ကပ်ဆီ  ဦးတည်နေပြီဖြစ်ကြောင်း ကနေဒါစာရင်းအင်းရုံးက ထုတ်ပြန်ထားသည်။

ဂါဇာ၌အပစ်မရပ်လျှင် အမေရိကန် အထိနာမည်ဟု အီရန်ပြော

ဂါဇာ၌အပစ်မရပ်လျှင် အမေရိကန် အထိနာမည်ဟု အီရန်ပြော

 

    ဂါဇာ၌ဖြစ်ပွားနေသော ပဋိပက္ခများ အဆုံးသတ်ခြင်းမရှိလျှင် အမေရိကန် အနေဖြင့်  ကြီးမားသော အကျိုးဆက်များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း အီရန်ကာကွယ်ရေး ဝန်ကြီးက နိုဝင်ဘာလ ၅ ရက်တွင် ပြောသည်။

“အမေရိကန်တွေအနေနဲ့  ဂါဇာမှာ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ကို  မိမိတို့အနေနဲ့ တိုက်တွန်းပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ အမေရိကန်တို့ အထိနာပါလိမ့်မယ်” ဟု အီရန်ကာကွယ်ရေးဝန်ကြီး မိုဟာမတ်ရီဇာအက်စထီယာနီက ပြောသည်ဟု IRNA သတင်းဌာနက ဖော်ပြထားသည်။

လျှပ်စစ်ကားများရဲ့အနာဂတ်ကိုပြောင်းလဲပေးနိုင်မယ့် ဘက်ထရီအခြောက်များ

 

လျှပ်စစ်ကားများရဲ့အနာဂတ်ကိုပြောင်းလဲပေးနိုင်မယ့် ဘက်ထရီအခြောက်များ

ဂါဇာတွင်အပစ်အခတ်ရပ်စဲခြင်းက ဟားမတ်အဖွဲ့ကိုပြန်လည်စုဖွဲ့နိုင်စေမည်ဟု အမေရိကန်ပြော

 

ဂါဇာတွင်အပစ်အခတ်ရပ်စဲခြင်းက ဟားမတ်အဖွဲ့ကိုပြန်လည်စုဖွဲ့နိုင်စေမည်ဟု အမေရိကန်ပြော