မိုးလေဝသသတင်း

ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ အတွင်း ဖြစ်ပေါ်လာနိုင်သည့် လာနီညာ အခြေအနေ

နေပြည်တော်  ဇန်နဝါရီ  ၁

အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထု ဖြစ်စဉ်များအရ လက်ရှိတွင်  အားအသင့်အတင့်ရှိသော   လာနီညာ အခြေအနေတွင် ရှိနေပါသည်။

နိုင်ငံတကာမိုးလေဝသ ဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ ဇန်နဝါရီလအတွင်း  အားအသင့် အတင့် ရှိသော လာနီညာ အဆင့်တွင် ဆက်လက် တည်ရှိနိုင်ပြီး ဖေဖော်ဝါရီလတွင် အားအနည်းငယ်ရှိသော  လာနီညာ အဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

ဆောင်းရာသီ ကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေ

နေပြည်တော်   ဒီဇင်ဘာ  ၁၅

အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များအရ ဒီဇင်ဘာလအတွင်း အားအသင့်အတင့်ရှိသော လာနီညာ အခြေအနေသို့ ရောက်ရှိနေသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ ဆောင်းရာသီ ကာလများဖြစ်သည့် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတို့တွင် အားအသင့်အတင့် ရှိသော လာနီညာအဆင့်တွင် ဆက်လက် တည်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလအတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်များနှင့် ကြိုတင်သတိပြုဖွယ်ရာများ

ယခုနှစ်သည် လာနီညာနှစ်ဖြစ်၍ အချိန်အခါမဟုတ်မိုးရွာသွန်းမှု အတော်အသင့်ရှိနိုင်ကြောင်း၊ ပုံမှန်အားဖြင့်လည်း အနောက်လေများအတွင်းရှိ လေပွေလှိုင်းများဖြတ်သန်းမှုကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဒေသ တို့မှာ မိုးရွာနိုင်သလို မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့မှာတော့ အရှေ့မြောက် မုတ်သုံအား ကောင်းရာမှတစ်ဆင့် အရှေ့ဘက်ကရွေ့လျားလာတတ်သောလေပွေလှိုင်းများ စသည့် မိုးလေဝသ ဖြစ်စဉ်များသည် နှစ်တိုင်းလိုလို ဒီဇင်ဘာလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်စေနိုင် ကြောင်းနှင့် လာနီညာရာသီဥတုဟု ခေါ်သည့် အေးပြီးစွတ်စိုသော ရာသီဥတုအခြေအနေမျိုးလည်း ရှိနေသဖြင့် အေးလ

ဆောင်းရာသီ ကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေ

နေပြည်တော်  ဒီဇင်ဘာ  ၁

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific  Ocean) ၏ ပင်လယ်ရေ မျက်နှာပြင် အပူချိန်နှင့် လေထု ဖြစ်စဉ်များအရ လက်ရှိတွင် အားအသင့််အတင့် ရှိသော လာနီညာ အခြေအနေသို့ ရောက်ရှိနေသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ ဆောင်းရာ သီကာလ များဖြစ် သည့် ဒီဇင်ဘာလ၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် အားအသင့်အတင့်မှ  အားကောင်းသော  လာနီညာ အဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

မုန်တိုင်းငယ်၏ လက်ရှိ အခြေအနေကို အဝါရောင် အဆင့်ဟု သတ်မှတ်

နေပြည်တော်  နိုဝင်ဘာ  ၃ဝ

ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ် နေသော မုန်တိုင်းငယ် (Depression) သည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး သီရိလင်္ကာ နိုင်ငံ  ထရီ ကို မာလီ D(Trincomalee) မြို့၏ အရှေ့- အရှေ့တောင်ဘက် ရေမိုင် ၃၇ဝ မိုင်ခန့်နှင့် အိန္ဒိယ နိုင်ငံ  ကန်ညာ ကူမာရီ (Kanyakumari) မြို့၏  အရှေ့ဘက် ရေမိုင် ၅၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေသည်။

မုန်တိုင်းငယ် (Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေ အနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

ဆိုင်ကလုန်းမုန်တိုင်း နီဗာ ၏လက်ရှိအခြေအနေကို အဝါရောင်အဆင့်ဟုသတ်မှတ်

နေပြည်တော် နိုဝင်ဘာ ၂၄

ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “နီဗာ” (NIVAR)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ပူဒူချယ်ရီ (Puducherry) မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၂၀၀  မိုင်ခန့်နှင့် ချင်းနိုင်(Chennai)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ သည်။

လေဖိအားနည်း ရပ်ဝန်း ဆက်လက် တည်ရှိနေ

နေပြည်တော် အောက်တိုဘာ ၃၁

ယနေ့ည ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်  အရှေ့အလယ်ပိုင်း (မြန်မာ့ ကမ်းလွန်) တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည်  ဆက်လက်တည်ရှိနေသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်း သည် နောက် ၄၈ နာရီအတွင်း ဘင်္ဂလား ဒေ့ရှ်ကမ်းခြေသို့  ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရသည်။         (မိုး/ဇလ)

ကုန်းတွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်

နေပြည်တော် အောက်တိုဘာ ၂၃
ယနေ့ညနေ ၅ နာရီခွဲအချိန်တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဆာဂါ (Sagar) ကျွန်းနှင့် ခီပူပါရာ (Khepupara) မြို့အကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression) သည် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) အဖြစ် ရောက်ရှိခဲ့ပြီး မြောက်- အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ် အားလျော့ သွားမည်ဟု ခန့်မှန်းရသည်။

လေဖိအားနည်း ရပ်ဝန်း ဆက်လက်တည်ရှိနေ

နေပြည်တော် အောက်တိုဘာ ၃

ယနေ့ည ၆နာရီခွဲအချိန် တိုင်းထွာချက်များအရ  ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ သြရိဿပြည်နယ် ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း သည် ဆက်လက် တည်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။   

လေဖိအားနည်း ရပ်ဝန်း တစ်ခုဖြစ်ပေါ်နိုင်

နေပြည်တော်  သြဂုတ်  ၁၈

ယနေ့မွန်းလွဲ ၁ နာရီခွဲ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် နောက် ၂၄ နာရီ အတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရသည်။ 

(မိုး/ဇလ)