စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၂၃)
စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၂၃)
အမှတ်စဉ်(၂၃)
အောက်က ပြည်သူတွေကလည်း သကြားအတွက် စီမံကိန်းကြံ စိုက်ရင် ဈေးကောင်းမရလို့ တခြားသီးနှံတွေ ပြောင်းစိုက်ခဲ့ရင်တောင် အရေးယူခံနေကြရလို့ အုပ်ချုပ်သူတွေကို အယုံအကြည်မဲ့နေခဲ့ကြတယ်။ သီးနှံတွေကလည်း ပေါ်ချိန်ဆိုဈေးကျတယ်။ ရှုံးတဲ့ဒဏ် ဘယ်သူမှဝင်မခံဘူး၊ လယ်သမားပဲခံရတယ်။ ဘာအထောက်အပံ့မှလည်း ဒီ Renewable အတွက်ပေးတာ မတွေ့ဘူး။ အဆင့်ဆင့်ဟာ အမိန့်ပေးစနစ်ကို ခင်တွယ်ပြီး အကြောက်တရားကို ကိုးကွယ်နေခဲ့ကြတယ်။