နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲများကို MRTV ရုပ်သံလိုင်းများမှ တိုက်ရိုက် ထုတ်လွှင့်မည်
နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲများကို MRTV ရုပ်သံလိုင်းများမှ တိုက်ရိုက် ထုတ်လွှင့်မည်
နေပြည်တော် ဒီဇင်ဘာ ၃၀
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင် စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် အတွက် နိုင်ငံတကာ နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show)များကို ဒီဇင်ဘာ ၃၁ ရက်ညတွင် နေပြည်တော် ရေပန်းဥယျာဉ်၌ လည်းကောင်း၊ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ လည်းကောင်း၊ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်း၌ လည်းကောင်း ကျင်းပ ကြမည်ဖြစ်သည်။