
ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီထူထောင်သည့် နှစ် (၁၀၀) ပြည့်ဖြစ်ပါသည်။ ထူထောင်သည့်နှစ် (၁၀၀)အတွင်း၌ တရုတ်ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံဟူသည့် ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံကြီးကို ဦးဆောင်၍ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်သည့်လမ်းကြောင်းသို့ တက်ရောက်ပြီး လူတွေအားကျဖွယ်ရာ အောင်မြင်မှုနှင့် ကမ္ဘာကြီး၏ လေးစားမှုကို ရရှိခဲ့ပါသည်။
နိုင်ငံအသီးသီးမှ နိုင်ငံရေးပါတီများ၏ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိများက လတ်တလောတွင်တရုတ်နိုင်ငံက ရရှိထားသည့် အောင်မြင်မှုများကိုချီးကျူးခဲ့ပြီး တရုတ်နိုင်ငံ၏ အောင်မြင်မှုသည် တရုတ်ကွန်မြူနစ်ပါတီ၏ကြံ့ခိုင်သော ဦးဆောင်မှုနှင့် မှန်ကန်သောဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း၏ ရလဒ်ဖြစ်ပြီး အခြားနိုင်ငံများက မိမိ၏ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးအတွက် အရေးပါသည့် လမ်းစဖော်ပေးမှုရှိကြောင်း ပြောကြားပါသည်။
အင်အားကောင်းသည့် ဦးဆောင်မှုစွမ်းရည် မဖြစ်မနေလိုအပ်သည်။
လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း၊ အာဏာရပါတီဖြစ်သည့် လာအိုပြည်သူ့တော်လှန်ရေး ပါတီယခင်ဗဟိုကော်မတီအကြံပေး Somsavat Lengsavad တရုတ်နိုင်ငံလိုမျိုးနိုင်ငံကြီးက တိုတောင်းလှတဲ့ နှစ် ၄၀ ကျော်အတွင်းမှာ ကမ္ဘာ့ဒုတိယအင်အား အကြီးဆုံး စီးပွားရေးအသိုက်အဝန်း ဖြစ်လာလိမ့်မယ်လို့ တစ်ကမ္ဘာလုံးက တွေးထင်မိမှာ မဟုတ်ဘူး။ ဒါကအင်မတန်မှ တော်တဲ့ အောင်မြင်မှုတစ်ခုပါဟု ပြောကြားခဲ့သည်။
Somsavat Lengsavadက တရုတ်ကွန်မြူနစ်ပါတီ၏ ထက်မြက်မှုနှင့် ကြံ့ခိုင်သည့် ဦးဆောင်မှုသည် အောင်မြင်မှုရရှိမှုကို အဆုံးအဖြတ်ပေးသည့် အကြောင်းအချက်ဖြစ်သည်ဟု ပြောကြားပါသည်။
ဘူလ်ဂေးရီးယားကွန်မြူနစ်ပါတီ အတွင်းရေးမှူး
(၁) Alexandar Paunov က တရုတ်အံ့ဖွယ် ကို မှတ်ချက်ပေးရာမှာတော့ ကျွန်တော့်အမြင်မှာတော့ တရုတ်နိုင်ငံရဲ့အံ့ဖွယ်က အဓိကအားဖြင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုကြောင့်ပဲ ဖြစ်ပါတယ်။
၎င်းင်းတို့က ဒီတက်ကြွမှုတွေပြည့်ဝနေတဲ့ ကမ္ဘာကြီးမှာ ဖွံ့ဖြိုးတိုးတက်မှု ပုံစံကို ရှာတွေ့သွားလို့ပဲ ဖြစ်ပါတယ်
ယင်းသည် တရုတ်ဝိသေသဆောင်သော ဆိုရှယ်လစ်ဝါဒဖြစ်သည်ဟု ပြောကြားပါသည်။
ပီရူးကွန်မြူနစ်ပါတီ (Red Fatherland) ဥက္ကဋ္ဌ Alberto Moreno က တရုတ်ကွန်မြူနစ်ပါတီ လျှောက်လှမ်းတဲ့ တရုတ်ဝိသေသဆောင်သော ဆိုရှယ်လစ်လမ်းစဉ်က မူရင်းဖန်တီးမှုဖြစ်ပြီး လက်ရှိကမ္ဘာကြီး၏ လိုအပ်ချက်နဲ့ လိုက်လျောညီထွေသလို တရုတ်နိုင်ငံရဲ့ နိုင်ငံအခြေအနေနဲ့လည်း ကိုက်ညီပါတယ် ဟု ပြောကြားပါသည်။
အီရတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး Raed Fahmi က တရုတ်ဝိသေသဆောင်သည့် ဆိုရှယ်လစ်ဝါဒသည် ကြီးမားသည့် သမိုင်းအတွေ့အကြုံတစ်ခုဖြစ်ပြီး အီရတ်ကွန်မြူနစ်ပါတီက သုတေသနပြုလုပ်ကာ အတုယူဖို့ စိတ်အားထက်သန်လျက်ရှိကြောင်း ပြောကြားပါသည်။
ပနားမား အာဏာရပါတီ ဒီမိုကရစ်တစ် တော်လှန်ရေးပါတီ နိုင်ငံတကာဆက်ဆံရေး အတွင်းရေးမှူး Hector Aleman က တရုတ်ကွန်မြူနစ်ပါတီသမိုင်း၏ အဆင့်တိုင်းတွင် ထူးချွန်သည့် ခေါင်းဆောင်များရှိပြီး အဆင့်တိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးကာ ရည်မှန်းချက်ကို ဖော်ဆောင်နေပါသည်ဟု ပြောကြားပါသည်။
ဖွံ့ဖြိုးတိုးတက်မှုသည် လူသားများအား အကျိုးပြုသည်။
စည်းလုံးညီညွတ်ရေး ဆီးရီးယားကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ် Najm al-Deen al-Kharit က ၎င်းသည် တရုတ်နိုင်ငံသို့ ခရီးစဉ်နှစ်ကြိမ်ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အထူးသဖြင့် တိုက်တာတည်ဆောက်ရေးနှင့် ပြည်သူ့ဘဝကောင်းမွန်လာစေရေးတို့အပေါ် နက်ရှိုင်းစွာ အမှတ်ထင်ကျန်ရစ်ခဲ့ကြောင်း ပြောကြားပါသည်။
တရုတ်နိုင်ငံက လျင်မြန်သည့်ဖွံ့ဖြိုးတိုးတက်မှုဖြင့် ပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးစီးပွား သယ်ဆောင်လာပေးသည်ကို နက်ရှိုင်းစွာ အမှတ်ထင် ကျန်ရစ်သည်မှာ Najm al-Deen al-Kharit တင်မဟုတ်ပါ။
လက်ဘနွန်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် Adham Sayed က တရုတ်နိုင်ငံက ကပ်ရောဂါကို ထိန်းချုပ်တဲ့ လျှို့ဝှက်ချက်က ပြည်သူများရဲ့ ကျန်းမာရေးကို ပထမဆုံးနေရာမှာထားရှိခြင်းပဲဖြစ်ပါတယ် ဟု ပြောကြားပြီး ယင်းသည် တရုတ်ကွန်မြူနစ်ပါတီက ကပ်ရောဂါ အဆိုးရွားဆုံးကာလနှင့် နောက်ပိုင်းတွင် တရုတ်ပြည်သူများ၏ အကျိုးစီးပွားအတွက် အကျိုးထမ်းဆောင်မှုကို ပေါ်လွင်စေပါသည်။
Adham Sayed က နိုင်ငံရေးပါတီတစ်ခုသည် ဆက်လက်ရှင်သန်လိုပါက ပြည်သူ့အကျိုးစီးပွားကို ထိပ်ဆုံးမှာထားရပါမယ်။ ဒါကလည်း တရုတ်ကွန်မြူနစ်ပါတီက ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တစ်ခုလုံးမှာ လုပ်ဆောင်တဲ့အရာဖြစ်ပါတယ် ဟု ပြောကြားပါသည်။
ဟန်ဂေရီ ဝန်ကြီးချုပ်ဟောင်း Peter Medgyessy က တရုတ်နိုင်ငံ၏ သိပ္ပံနည်းပညာ အောင်မြင်မှုအပေါ် နက်ရှိုင်းစွာ အမှတ်ထင်ကျန်ရစ်ခဲ့ပြီး တရုတ်နိုင်ငံ၏ လူနေမှုဘဝအရည်အသွေးသည်လည်း ကြီးမားသည့် ပြောင်းလဲမှုဖြစ်ပွားလာပါတယ်။ ဒါကနည်းပညာတိုးတက်မှုထက် ပိုပြီး အရေးကြီးပါတယ် ဟု ပြောကြားသည်။
ဏနအနမ နြိါပနျျပ က အဆိုပါ ပါတီရဲ့အောင်မြင်မှုက အဓိကအားဖြင့် ကိစ္စရပ်နှစ်ခုကို အခြေခံပါတယ်။ ပထမအနေနဲ့ ရေရှည်ထိန်းသိမ်းလို့ရတဲ့ တည်ငြိမ်တဲ့ တန်ဖိုးတစ်စုံကို ကိုယ်စားပြုနေပါတယ်။
ဒုတိယအနေနဲ့ ၎င်းက အလွန်ကောင်းမွန်တဲ့ မိမိကိုယ်ကို ပြန်လည်ဆန်းသစ်နိုင်စွမ်းရှိပါတယ် ဟု ပြောကြားသည်။
ဆီးရီးယားအာဏာရပါတီ al-Baath ပါတီ၏ အဓိကအဖွဲ့ဝင် Mahdi Dakhlallah က ပြည်သူကိုအဓိကထား သည့် သဘောတရားသည် တရုတ်နိုင်ငံကို ရှေ့သို့ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးသည်ဟု ပြောကြားပါသည်။
ကမ္ဘာကြီး၏ ဉာဏ်ပညာ
ဗင်နီဇွဲလား စည်းလုံးညီညွတ်ရေး ဆိုရှယ်လစ်ပါတီ ဒုတိယဥက္ကဋ္ဌ Adan Chavez သည် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ လေးကြိမ်ရောက် ရှိခဲ့ပါသည်။ ၎င်းက တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်မှု၏ မဏ္ဍိုင်ဖြစ်ပြီး ပြည်သူများရရှိသည့် အောင်မြင်မှုသည် ကမ္ဘာကြီးအခြားနေရာများ၏ စံပြဖြစ်ရုံသာမက မျှော်လင့်ချက်၏ ပြယုဂ်လည်း ဖြစ်ကြောင်း ပြောကြားပါသည်။
Adan Chavez က တရုတ်ပြည်သူတွေက တရုတ်ဝိသေသ ဆောင်သည့် ဆိုရှယ်လစ်ဝါဒမူဝါဒကို လက်ကိုင်စွဲသည့် တစ်ချိန်တည်းတွင် အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီအပေါ် အင်တိုက်အားတိုက် ထောက်ခံမှုကို ကျွန်တော်တို့ မျက်မြင်မြင်တွေ့လိုက်ပါတယ် ဟု ပြောကြားသည်။
ဗင်နီဇွဲလားပါတီအဆင့်မြင့်အရာရှိက ရှီကျင့်ဖျင်၏ နိုင်ငံရေးရာစီမံခန့်ခွဲမှု စာအုပ်တတိယအတွဲ အကြောင်းပြောရာတွင် ထိုစာအုပ်သည် ဆိုရှယ်လစ်ဝါဒ တည်ဆောက်ရေးတွင် အောင်မြင်မှုရရှိရန် လိုအပ်သည့်အဆင့်များနှင့် တရုတ်နိုင်ငံခေါင်းဆောင်များ၏ အမြင်အသစ်ကို သရုပ်ဖော်ရေးသားထားပါသည်။
၎င်းက တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးကို လွတ်လပ်မှုနှင့် နိုင်ငံတော်အချုပ်အခြာအာဏာရယူရန် အားပေးအားမြှောက်ပြုနေကြောင်း၊ တရုတ်ပြည်သူများရရှိသည့် ကြီးမားသော တိုးတက်မှုသည် ဆိုရှယ်လစ်ဝါဒက လူသားများအပေါ် အကျိုးသက်ရောက်မှုရှိသည့် အရေးကိစ္စများအား ဖြေရှင်းရန်အတွက် ထိရောက်သည့်နည်းလမ်းဖြစ်ကြောင်း ထင်ရှားစွာ သက်သေထူနေသည်ဟု ပြောကြားပါသည်။
မက္ကဆီကိုနိုင်ငံ Institutional Revolutionary ပါတီ နိုင်ငံတကာရေးရာအတွင်းရေးမှူး Sofia Carvajal က တရုတ်ကွန်မြူနစ်ပါတီသည် နှစ်တစ်ရာ နိုင်ငံရေးပါတီကြီးအနေဖြင့် အမြဲတစေနှင့် အချိန်နှင့်တစ်ပြေးညီ တိုးတက်နေပြီး အဆက်မပြတ် ဆန်းသစ်တီထွင်နေကြောင်း၊ အဆိုပါကဏ္ဍတွင် ၎င်း၏ နိုင်ငံရေးပါတီသည် တရုတ်ကွန်မြူနစ်ပါတီထံ လေ့လာသင်ယူပြီး အဆက်မပြတ် ဆန်းသစ်တီထွင်၊ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ အဆက်မပြတ် ပြောင်းလဲနေသည့် တောင်းဆိုချက်ကို လိုက်လျောညီထွေအောင် ဆောင်ရွက်၍ အများပြည်သူ၏ ထောက်ခံအားပေးမှုကို ရယူနိုင်ကြောင်း ပြောကြားပါသည်။
Adham Sayed က တရုတ်နိုင်ငံ၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာ အတွင်း၌ ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အရေး ဖန်တီးပေးလိုက်ပြီး တရုတ်နိုင်ငံက ကမ္ဘာကြီးအပေါ် အကျိုးသက်ရောက်မှုက အလွန်သိသာထင်ရှား ပါသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မှုသည် ဘီလာရုဇ်နိုင်ငံ အပါအဝင် အခြားနိုင်ငံများအတွက် အရေးပါသော အတွေ့အကြုံဖြစ်ပါသည်။
ဘီလာရုဇ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း Anatoly Tozik က တရုတ်နိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် စိတ်ဝင်စားဖွယ်ရာကိစ္စများစွာ ရှိပါတယ်။ ယနေ့မှာတော့ ဒါတွေက ကျွန်တော်တို့နိုင်ငံနဲ့ အလွန်ပတ်သက်နေတယ်လို့ ကျွန်တော်ယူဆပါတယ် ဟုပြောကြားသည်။
၎င်းက တရုတ်နိုင်ငံ၏ နိုင်ငံတော်အင်အားနှင့် စီးပွားရေးအင်အား တိုးတက်လာမှုသည် လူသားများအပေါ် ခြိမ်းခြောက်မှုမဟုတ်ဘဲ လူတိုင်းက လက်ရှိအင်မတန်ခက်ခဲတဲ့ကာလနဲ့ လူသားနေထိုင်မှုဘဝမှာ အလွန်အမင်းခက်ခဲတဲ့ကာလကို ကျော်ဖြတ်ရေးအတွက် အပိုအခွင့်အရေးဖြစ်တယ်ဟု ပြောကြားသည်။
Source- ဆင်ဟွာသတင်းဌာန