စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/တင်သွင်း ခြင်းနှင့်ပတ်သက်၍ ထပ်မံရက်တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းအသိပေးခြင်း

     စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ပေး/တင် သွင်းခြင်းကို ၃၁-၈-၂၀၂၁ ရက်နေ့အထိ နောက်ဆုံးထုတ်ယူ/တင်သွင်းရန် ကြော်ငြာထားရှိခဲ့သော်လည်း ယခုအခါ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေများအရ ဗိုလ်လောင်းလျှောက်လွှာထုတ်ပေး/တင်သွင်းခြင်းကိုလည်း ၃၀-၉-၂၀၂၁ ရက်နေ့အထိ ထပ်မံရက် တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင် ဗိုလ်လောင်းလျှောက်လွှာများ ဆက်လက် ထုတ်ယူ/တင်သွင်းခြင်းများ ဆောင်ရွက်နိုင်ကြောင်းနှင့် လျှောက်လွှာထုတ်ယူထားသူများအနေဖြင့်လည်း ဗိုလ်လောင်းလျှောက် လွှာများအား အချိန်မီပြန်လည်တင်သွင်းကြရန် အသိပေးအပ်ပါသည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)