ဆူပူဆန္ဒပြသူလူအုပ်စုများအတွင်း ဘာသာသာသနာကို ညှိုးနွမ်းစေသော အပြုအမူများဆောင်ရွက်နေမှု
နေပြည်တော်၊ မတ်လ ၈ ရက်
နိုင်ငံတော်အတွင်း(ငြိမ်းချမ်းစွာဆန္ဒပြသည်)ဟူသည့် ခေါင်းစဉ်အမျိုးမျိုးဖြင့် နေရာ အနှံ့အပြားတွင် ဥပဒေမဲ့လုပ်ရပ်များဖြင့် ဒေသန္တရဒိုင်းကာနှင့် ဒေသန္တရကျည်ကာအမည်ခံ၍ ပြုလုပ်ရောင်းဝယ်ခြင်း၊ လက်လုပ်ယမ်းသုံးပစ္စည်းများအသုံးပြုခြင်း၊ ဓား၊ လှံ၊ ဆူး၊ မှိန်း၊ တူမီး အစရှိသည့် ပစ္စည်းကိရိယာများကို စီးပွားရေးလုပ်ငန်းရပ်သဖွယ် ရောင်းဝယ်ကိုင်ဆောင်ခြင်း များကို များပြားစွာဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။
ထိုကဲ့သို့ နိုင်ငံတော်အနှံ့ဆောင်ရွက်နေချိန်တွင် မတ်လ ၅ ရက်နေ့မှစတင်၍ ရန်ကုန် တိုင်းဒေသကြီး မြို့နယ်အချို့တွင် အမျိုးသမီးဝတ်လုံချည်များအား ကြိုးတန်းဖြင့်ချည်နှောင် ၍ လူသွားလမ်းများအပေါ်မှထားရှိခြင်း အမျိုးသမီးလစဉ်သုံးပစ္စည်းများအား ကြိုးတန်းတွင် ချည်နှောင်ပြီး လူပုဂ္ဂိုလ်နှင့် သံဃာတော်များမှ အောက်မှသွားလာနေရသည်ကို တွေ့ရှိရပါ သည်။
၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် (နွေဦးတော်လှန်ရေး)ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့)ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမျိုးသမီးဝတ်လုံချည် အမျိုးမျိုးအား အလံတိုင်ကဲ့သို့ချည်နှောင်ပြီးလှည့်လည်ဆန္ဒပြခြင်း၊ နိုင်ငံတော်အဆင့် ထေရ်ကြီး ဝါကြီး(ဆရာတော်တစ်ပါး)ရုပ်ပုံများအား ဗီနိုင်းလ်ဖြင့်ထုတ်၍ အမျိုးသမီးဝတ်လုံချည်များ တွင်ကပ်ကာကြိုးဖြင့်တန်း၍ အများပြည်သူအသုံးပြုလမ်းများတွင် ချိတ်ဆွဲထားရှိသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချေင်းမြို့နယ်တွင် အများဆုံး ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။
ထိုသို့ဆောင်ရွက်နေမှုများသည် ဘာသာသာသနာကို အလွန်စော်ကားခြင်း၊ နိုင်ငံတော် အတွင်းရှိ သံဃာထုအား လုံးဝအလေးမထား၊ ဂရုမစိုက်ကြောင်းပြသည့် အပြုအမူများဖြစ် သကဲ့သို့ ယခင်အစိုးရကာလတွင် အမျိုးဘာသာသာသနာအား လျော့နည်းစေခဲ့သည့် လုပ်ရပ် များမှတစ်ဆင့် လူငယ်ထုအတွင်း ဝါဒမှိုင်းတိုက်ခံရပြီး မလုပ်သင့်မလုပ်ထိုက်အပ်သော ကိစ္စ ရပ်ကို ဆောင်ရွက်နေခြင်းဖြစ်ပါသည်။
၎င်းဖြစ်စဉ်ဖြစ်ရပ်နှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကို အပြည့်အဝကြည်ညိုလေးစား ကိုးကွယ်ကြသည့် လူထုများ၊ သံဃာထုများအနေဖြင့် နိုင်ငံနှင့်အဝှမ်း လွန်စွာစိတ်မကောင်း ဝမ်းနည်းဖြစ်ရသည့် ဖြစ်စဉ်များဖြစ်ကြောင်းနှင့် လက်ခံနိုင်ဖွယ်မရှိသဖြင့် သာသနာတော် ညှိုးနွမ်းအောင်ဆောင်ရွက်သည့် ဦးစီးခေါင်းဆောင်ပြုလုပ်သူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။