ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်း၊ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်
နေပြည်တော်၊ မတ် - ၄
ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း များကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ပြည်မြို့နှင့် ပဲခူးမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များနှင့် ဘာသာရေးကျောင်း စုစုပေါင်း ၁၃ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ COVID - 19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများ ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ရခိုင်ပြည်နယ်၊ ငပလီမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင် မြို့နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ပြည်မြို့နှင့် ပဲခူးမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက် စုစုပေါင်း ၂၈ ကျောင်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ပရဟိတဘုန်းတော်ကြီးကျောင်းနှင့် သဗ္ဗညုဘုန်းတော်ကြီးကျောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မဟာဝိသုတာရာမကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ရတနာသိဒ္ဓိကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၊ ရာဇမုနိဘုန်းတော်ကြီးကျောင်းနှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရွှေလောင်းတောင်ဘုန်းကြီးကျောင်းများရှိ ဆရာတော် သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား တပ်မတော်မှဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။