ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၁)အား ကြိုဆိုပင့်ဆောင် ပူဇော်ခြင်းနှင့် “မာရဝိဇယ”ဘွဲ့တော်သမုတ် ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်   ဧပြီ ၁၂

  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား Modular Trailer များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်သို့ ပင့်ဆောင်ခြင်း အခမ်းအနားကို ဧပြီ ၄ ရက်နေ့ ပြုလုပ်ခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ကြည်ညိုခဲ့သည်။ ဆင်းတုတော် အပိုင်း(၁)သည် တန်ချိန်(၁၀၉၀)တန်ရှိပြီး ၎င်းစကျင် ကျောက်တုံးတော်ကြီးအား သယ်ပိုး ပင့်ဆောင်ထားသော သံမဏိသံငြမ်းစင်(၆၂) တန်၊ စုစုပေါင်း တန်ချိန် (၁၁၅၂)တန်ရှိသောကြောင့် ဆီမီးခုံဆိပ်ကမ်းမှ မန္တလေး-ရန်ကုန် အမြန်လမ်းအတိုင်း Modular Trailer များဖြင့် နေပြည်တော်သို့ ၇ ရက်ကြာ ခက်ခက်ခဲခဲ ပင့်ဆောင်ခဲ့ရပြီး ရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်မည့် မင်္ဂလာနေရာသို့ ဧပြီ ၁၀ ရက်ညပိုင်း တွင်ရောက်ရှိခဲ့သည်။

  အဆိုပါ ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား ကြိုဆိုပင့်ဆောင်ခြင်းနှင့် ဘွဲ့တော်သမုတ်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ နှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ တွဲဖက် ရွှေကျင်သာသနာပိုင်၊ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရတို့ အမှူး ပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးမောင်းဟာ၊ ဒေါ်အေးနုစိန်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နောက် အခမ်းအနားမှူးက သီတဂူဆရာတော်ကြီးနှင့် ဩဝါဒါ စရိယ ဆရာတော်ကြီး များ၏ ရွေးချယ်ညွှန်ပြ ဩဝါဒတော်များနှင့်အညီ ဘူမိဖဿမုဒြာထိုင်တော်မူ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” “MARAVIZARA”ဟု ဘွဲ့တော် သမုတ်ပူဇော်ပါကြောင်း သုံးကြိမ်တိုင်တိုင် လျှောက်ထားရာ ဩဝါဒစရိယ ဆရာတော်ကြီးများနှင့် ဘုရားဒါယကာ၊ ဒါယိကာမ များက ဝမ်းမြောက်ကြည်ညိုစွာ ဖြင့် သာဓုသုံးကြိမ်ခေါ်ဆိုတော်မူကြသည်။

  ယင်းနောက် ဩဝါဒဆရာတော်ကြီးများက မေတ္တာပို့ ဂါထာတော်များကို ရွတ်ဆို ပူဇော်၍ မေတ္တာပြုတော်မူကြပြီး သီတဂူဆရာတော်ကြီးက “မာရဝိဇယ”ဘွဲ့တော်နှင့် လျော်ညီစွာ အဋ္ဌဇယ မင်္ဂလာဂါထာတော်များဖြင့် ပူဇော်သည်။

ထို့နောက် ဘုရား ဒါယကာ၊ ဒါယိကာမ များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ရတနတ္တယ ပူဇာဂါထာ၊ ဘုရားဂုဏ်တော် ၉ ပါး၊ ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပါဠိိတော်နှင့် မေတ္တာပို့လင်္ကာများကို သံပြိုင်ညီညာစွာ ရွတ်ဆိုပူဇော်ကြသည်။

ဆက်လက်ပြီး “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁)အား ဩဝါဒဆရာတော်ကြီးများ ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဘုရား ဒါယကာများက ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ဇယမင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၁)ကို အပူဇော်ခံမည့် နေရာသို့ ဆက်လက်ပင့်ဆောင်တော်မူ ကြသည်။ (ပင့်ဆောင်စဉ် မော်ဂျူလာ ထွေလာ ရွေ့လျား မှုနှင့် အနောက်မှ ဦးသူရရွတ်ဖတ်နေသည်များကို အသံထည့်ရန်)

ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ကိုရုပ်သိမ်းခဲ့ရာ ဝတ်အသင်းအဖွဲ့များက အရပ်ဆယ်မျက်နှာ မေတ္တာပို့လင်္ကာ များဖြင့် မေတ္တာဘာဝနာပွားများ ပူဇော်ခဲ့ကြသည်။

  အခမ်းအနားအပြီးတွင် ဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ ယာယီရှင်းလင်းဆောင်၌ စကျင်ကျောက်တော်ကြီး ထုတ်လုပ်ရေးနှင့် သယ်ယူပင့်ဆောင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရန် ဖြစ်ပေါ်ခဲ့သည့် နောက်ခံသမိုင်းကြောင်း အကျဉ်း၊ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ ဆောက်တည်ခဲ့မှု၊ သယ်ယူပင့်ဆောင်ခဲ့မှု အခြေ အနေများ၊ တည်ဆောက်ပူဇော်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည့် အခြေအနေများအား Powerpoint Presentation များ၊ Video Clip များဖြင့် အကျယ် တဝင့် ရှင်းလင်းတင်ပြ လျှောက်ထားသည်။ ထို့ပြင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုး ကွယ်နိုင်ရေး လုပ်ဆောင်ခဲ့မှု အခြေအနေများအား ထပ်မံဖြည့်စွက် လျှောက်ထားတင်ပြသည်။