မြို့နယ်ရပ်ကွက်များအတွင်း ကားလမ်းကြောင်း ပိတ်ဆို့မှုများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

 

မြို့နယ်ရပ်ကွက်များအတွင်း ကားလမ်းကြောင်း ပိတ်ဆို့မှုများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ မတ်လ ၄ ရက်

    
ရန်ကုန်တိုင်းဒေသကြီးအပါအဝင် အခြားသောဒေသ မြို့နယ်များအတွင်း (အေးချမ်းစွာ ဆန္ဒပြခြင်း) ခေါင်းစဉ်ဖြင့် နေ့စဉ်ရက်ဆက်ပြုလုပ်လျက်ရှိကြရာတွင်  လမ်းမကြီးများ၊ ရပ်ကွက် အတွင်းလမ်းများတွင် အခိုင်အမာကွန်ကရစ်တုံးများချထားခြင်း၊ တာယာကွင်းများချထား ခြင်း၊ သဲအိတ်များချထားခြင်း၊ PVC ပိုက်လုံးကြီးများချထားခြင်း၊ သံချောင်း အလေးအပင် ပစ္စည်းများချထားခြင်း၊ အချို့သောနေရာများတွင် အမျိုးသမီးဝတ်လုံချည်များအား ယာဉ်များ အပေါ်တွင် ကြိုးတန်း၍လှန်းထားခြင်း စသည့်လုပ်ရပ်များကို လူစုလူဝေးများအနေဖြင့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ပြုမူလုပ်ဆောင်နေကြပြီး မတ်လ ၃ ရက်နေ့တွင်လည်း မြို့နယ် တစ်မြို့နယ်တွင် တာယာကွင်းများအား ဓာတ်ဆီလောင်းမီးရှို့ခြင်းအား အမျိုးသမီးတစ်ဦးမှ ပြုလုပ်ခဲ့ပြီး မီးငြိမ်းသတ်ခြင်းအား ချက်ချင်းဆောင်ရွက်ခဲ့ရကြောင်း တွေ့ရှိရပါသည်။
    
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လူစုလူဝေးပြိုကွဲစေခြင်း ဆောင်ရွက်မှုများအပြင် ၎င်းကဲ့သို့ပြုလုပ်ထားရှိသော အတားအဆီးများကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်း များ၊ စည်ပင်သာယာရေးအဖွဲ့များဖြင့်ပေါင်းစပ်ကာ ပြည်သူများ(ညမထွက်ရ)အမိန့်ထုတ်ပြန် ထားချိန် ညပိုင်းတွင် ညလုံးပေါက်ရှင်းလင်းခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။
    
အထက်ပါကဲ့သို့ အတားအဆီးများပြုလုပ်ခြင်းသည် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ပြုလုပ် နေသော်လည်း လက်ရှိရာသီဥတုအချိန်ကာလအရ မီးဘေးအန္တရာယ်ဖြစ်ပွားမှုကို အလွန် စိုးရိမ်ရခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့များ ဖယ်ရှားရှင်းလင်းမှုမရှိဘဲ လမ်းပိတ်ဆို့ထားချိန်တွင် မီးဘေးအန္တရာယ်ကြီးမားစွာဖြစ်ပွားလာပါက မီးသတ်ယာဉ်များ အချိန်မီရောက်ရှိနိုင်မှုမရှိဘဲ ရပ်ရွာလူထုအနေဖြင့် အိုးအိမ်ပစ္စည်းများ မြောက်များစွာဆုံးရှုံးနိုင်ခြင်းများကို ကြုံတွေ့လာ နိုင်သည့်အတွက် အေးချမ်းသာယာစွာ နေထိုင်လိုသူများအနေဖြင့် စိုးရိမ်ပူပန်မှုများစွာဖြင့် နေထိုင်နေရကြောင်း သိရှိရပါသည်။
    
အတားအဆီးများ နေ့စဉ်ဆက်လက်ပြုလုပ်ပြီး အကြမ်းဖက်ဆန္ဒပြဖြစ်စဉ်များ ဖြစ်ပွား နေမှုသည် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ ထိခိုက်သေဆုံးမှုဘေးအန္တရာယ်ဖြစ်ပွားမှုများ၊ ဘက်ပေါင်းစုံမှ ပိုမိုယိုယွင်း ပျက်ဆီးမှုများကိုသာ လူထုအနေဖြင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ မြို့ရွာများ လုံခြုံအေးချမ်း သာယာစွာနေထိုင်လိုသူ ပြည်သူလူထုအများစုအနေဖြင့် စိုးရိမ်ပူပန်မှုများစွာဖြင့် ဝေဖန်သုံးသပ် လျက်ရှိကြောင်း သတင်းရရှိပါသည်။