COVID-19 ရောဂါပိုးတွေ့ လူနာ ၁၃ ဦး ထပ်တိုး

နေပြည်တော်  ဧပြီ  ၂၁

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကယနေ့ည ၈ နာရီတွင် COVID-19   ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19   ရောဂါပိုးတွေ့လူနာ ၁၃ ဦး ရှိကြောင်း သိရသည်။

(၂ဝ-၄-၂ဝ၂၁)ရက် ည ၈ နာရီမှ (၂၁-၄-၂ဝ၂၁) ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၁ဝ၃ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၁၃ ဦးတွေ့ရှိရသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ  ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၅၆၁၉၁ဝ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ   စုစုပေါင်း ၁၄၂၆၇၄ ဦး ရှိပြီဖြစ်သည်။

ယနေ့တွင်    ဆေးရုံဆင်းခွင့်ရရှိသူ ခြောက်ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၁၃၁၉၁၄ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။