တပ်မတော်နှင့်ပတ်သက်သော စိတ်ဝင်စားဖွယ်သတင်းများအား MWD Online Broadcasting Youtube Channel တွင် ထုတ်လွှင့်ပေးလျက်ရှိ
နေပြည်တော်၊ အောက်တိုဘာ ၁၀
တပ်မတော်နှင့်ပတ်သက်သော စိတ်ဝင်စားဖွယ်သတင်းများအား MWD Online Broadcasting Youtube Channel (https://www.youtube.com/channel/UCNnx_J6PaamMt-mdl4KfQwQ) တွင် အောက်တိုဘာ ၁ ရက်မှစ၍ အစီအစဉ်များကို ရိုက်ကူးတင်ဆက် ထုတ်လွှင့်ပေးလျက်ရှိပါသည်။
MWD Online Broadcasting ကဏ္ဍတွင် တပ်မတော်အကြီးအကဲများနှင့် တပ်မတော်ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှုကဏ္ဍ၊ အရေးကြီးသတင်းကဏ္ဍ၊ သတင်းမှန်ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ဘာသာရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ တိုင်းရင်းသားရေးရာနှင့် အလုပ်အကိုင် အခွင့်အလမ်းကဏ္ဍ၊ အင်တာဗျူးကဏ္ဍ၊ ဒေသဖွံ့ဖြိုးရေးကဏ္ဍ၊ စာအုပ်စင်ကဏ္ဍ၊ သဘာဝဘေးဖြစ်ပွားမှုနှင့် ကူညီကယ်ဆယ်ရေးကဏ္ဍ၊ နိုင်ငံတကာကဏ္ဍ၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများဖမ်းဆီးရမိမှုကဏ္ဍ၊ အိမ်နီးချင်းနိုင်ငံများ၏ Current သတင်းကဏ္ဍနှင့် အထွေထွေကဏ္ဍတို့ဖြင့် ကဏ္ဍစုံလင်စွာ ထုတ်လွှင့်ပေးလျက် ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။