SJ WorldNews - шаблон joomla Авто

အုန်းသီးပွဲရုံများ ဈေးကွက် ကျဆင်းနေ၍ ချင့်ချိန်ကာ ကုန်မှာယူနေရ

Wednesday, 28 February 2018 11:45 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဖေဖော်ဝါရီ  ၂၇

အုန်းသီးပွဲရုံ လုပ်ငန်းများအနေဖြင့် လက်ရှိတွင်  ဈေးကွက် ကျဆင်းလျက်ရှိရာ ထပ်မံ ဝင်ရောက်လာမည့် ကုန်များအတွက် ချင့်ချိန်မှာယူပြီး လုပ်ကိုင်နေရကြောင်း ရန်ကုန်တိုင်း

ဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဗားကရာကုန်စည်ဒိုင်မှ သိရသည်။ အုန်းသီးဈေးကွက်အတွင်း   ယခုနှစ် နှစ်ဆန်းပိုင်းက အနည်းငယ် အရောင်းအဝယ် ကောင်းသော်လည်း  ယင်းကာလနောက်ပိုင်းမှ ယခုအချိန်ထိ ဈေးကွက်ကျဆင်းနေရာ အရောင်းအဝယ် နည်းပါးလာခဲ့သည်။ ''ဒိုင်တွေမှာ အုန်းသီးတွေ အများကြီးပုံနေရင် ရှုံးတာပေါ့။  ကြာရင်ပုပ်သွားတော့ သုံးမရတော့ဘူးလေ။ ကုန်သည်တွေ ကတော့ များများပို့နိုင်လေ  သူတို့အတွက်  အကျိုးအမြတ် များများရလေ ဆိုတော့   တင်ပို့ကြတယ်။  ဒါပေမဲ့   ဒိုင်သမားတွေအတွက်ကျတော့ ကိုယ်ရောင်းချနိုင်မယ့် အခြေအနေ တွေပေါ်မူတည်ပြီး   ချိန်ဆနေရတာပေါ့''ဟု ဗားကရာ ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးအောင်တင် ကပြောသည်။

ရန်ကုန်မြို့    ဗားကရာကုန်စည်ဒိုင်သို့ မြစ်ဝကျွန်းပေါ်ဒေသမှ ထွက်ရှိသည့် အုန်းသီး များ တင်ပို့ကြကြောင်းနှင့် တင်ပို့ထားသည့် အုန်းသီးများကို  မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်  အထက်ပိုင်းဒေသများသို့ ပြန်လည်ဖြန့်ဖြူးရောင်းချကြကြောင်း  သိရသည်။

အုန်းသီးဈေးကွက်တွင် ဆွဲအုန်းမှာ ဒိုင်တွင် နှစ်ရက်သုံးရက် ထားသည့်အခါ ကြွက်မြီးများ ညိုလာတတ်သောကြောင့် အရောင်းအဝယ်မဖြစ်တော့ဘဲ အခွံချွတ် အုန်းအဖြစ်သာ အခွံချွတ်၍ရောင်းကြရပြီး တစ်လုံးလျှင်  ဒိုင်ဈေး ငွေကျပ် ၆ဝဝ မှ ၆၅ဝ ကြားရှိသကဲ့သို့ အခွံချွတ်အုန်းမှာ ငွေကျပ် ၃ဝဝ မှ ၄ဝဝ ကြား ရှိကြောင်း သိရသည်။

Read 170 times Last modified on Wednesday, 28 February 2018 11:46