SJ WorldNews - шаблон joomla Авто

နိုင်ငံပေါင်း ၈၀ ကျော် ပါဝင်သည့် ပဉ္စမအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၅)ကြိမ်မြောက် တရုတ်နိုင်ငံ ကူမင်း သွင်းကုန်ထုတ်ကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲ ကျင်းပ

Friday, 15 June 2018 09:19 font size decrease font size decrease font size increase font size increase font size

ကူမင်း   ဇွန်   ၁၄

ပဉ္စမအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၅)ကြိမ်မြောက် တရုတ်နိုင်ငံ ကူမင်း သွင်းကုန်ထုတ်ကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တရုတ်နိုင်ငံ  ယူနန်ပြည်နယ်  ကူမင်းမြို့ရှိ Kuming   Dianchi  International  Convention  and  Exhibition စင်တာ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးက  အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး တရုတ်နှင့်နိုင်ငံခြား တိုင်းပြည်များ၏ ဆက်ဆံရေးအကြောင်း မိတ်ဆက်သည်။ ထို့နောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ကုန်သွယ်ရေး ဝန်ကြီးနှင့်  ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးတို့က အဖွင့်နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ဆက်လက်၍ အာဖဂန်နစ္စတန်၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်များက ကုန်စည်ပြပွဲ ပြုလုပ်သည့်အပေါ် သဘောထားမှတ်ချက်များ ပြောကြားခဲ့ကြပြီး အထူး ဧည့်သည်တော် နိုင်ငံအဖြစ် ပါဝင်တက်ရောက်ခွင့်ရသည့် မြန်မာနိုင်ငံ ကိုယ်စား စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မြန်မာနိုင်ငံ၏ သဘောထားကို   ပြောကြားသည်။

အဆိုပါကုန်စည်ပြပွဲတွင်   မြန်မာနိုင်ငံ အနေဖြင့်    နိုင်ငံတော်ပြခန်းဆောင်နှင့် ကုန်စည်ပြခန်း ၆၄ ခန်းမှ ကုန်သည်လုပ်ငန်းရှင် ၂၈၉ ဦး တက်ရောက်ခဲ့ကြသည်။

ပဉ္စမအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၅)ကြိမ်မြောက် တရုတ် နိုင်ငံ ကူမင်း သွင်းကုန်ထုတ်ကုန် ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်မှာ "Integrating into belt and Road, Promoting Win-Win Cooperation" ဖြစ်ပြီး ပြပွဲကို ဇွန်လ ၁၄ ရက်မှ ၂ဝ ရက်အထိ စတုရန်းမီတာ ၁၉ဝဝဝ ကျယ်ဝန်းသော ဧရိယာ၌ ကျင်းပသွားမည်ဖြစ်သည်။

တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံက အထူးဧည့်သည်တော် နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီး  နိုင်ငံပေါင်း ၈ဝ ကျော်မှ ကုန်ပစ္စည်းများကို   အဆင့်မီပြခန်းပေါင်း ၈၅ဝဝ ကျော်ဖြင့် ပါဝင်ပြသလျက် ရှိကြောင်း သိရသည်။

Read 199 times Last modified on Friday, 15 June 2018 09:20