SJ WorldNews - шаблон joomla Авто

ဓာတုဆေးဝါးမသုံးဘဲ သဘာဝအတိုင်း စိုက်ပျိုးလျှင် လျှော်ဖြူတစ်ပိဿာ ငွေကျပ်လေးသိန်းကျော် ရရှိနိုင်

Monday, 09 July 2018 14:04 font size decrease font size decrease font size increase font size increase font size

ပခုက္ကူ  ဇူလိုင် 

လျှော်ဖြူ စတင်စိုက်ပျိုးချိန်တွင် ပိုးသတ်ဆေးများနှင့် ဓာတုမြေသြဇာများ မသုံးဘဲ သဘာဝနည်းအတိုင်း သဘာဝမြေသြဇာသုံး၍ အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးပါက ဂျပန်ဈေးကွက်၌ လျှော်ဖြူတစ်ပိဿာလျှင် ငွေကျပ်လေးသိန်းကျော်အထိ ရရှိနိုင်ကြောင်း သိရသည်။

''ဂျပန်ဈေးကွက်က ကျွန်တော်တို့ဘက်က  အနေအထားနဲ့ဆိုရင်  ခြောက်ဆတစ်ဆလောက် ကွာတယ်။   ကျွန်တော်တို့ဆီမှာ တစ်ပိဿာငွေကျပ် ခုနစ်သောင်းဆိုရင် သူတို့ဆီမှာ တစ်ပိဿာငွေကျပ် လေးသိန်းကျော်၊ငါးသိန်း  ဝန်းကျင်လောက်ပေါက်တယ်။

မြန်မာ့လျှော်ဖြူကို သူတို့တော်တော် စိတ်ဝင်စားပါတယ်။ ဝယ်ချင်တယ်ဆိုပြီး ကမ်းလှမ်းခြင်း ခံရပါတယ်။ ကမ်းလှမ်းခြင်း ခံရပေမယ့်သူတို့က ဓာတုလွတ်အော်ဂဲနစ်ကို အရမ်းကြိုက်ကြတယ်။ကျွန်တော်တို့ဘက်ကမှ ရောင်းမယ်ဆိုရင်တော့ ဓာတုလွတ်ဖြစ်အောင် ကြိုးစားဖို့တော့ လိုတာပေါ့'' ဟု ဂျပန်နိုင်ငံ မြန်မာပွဲတော်တွင် လျှော်ဖြူပြခန်း သွားရောက်ပြသခဲ့သူ ကိုလပြည့် ကပြောသည်။

လျှော်ဖြူစိုက်နိုင်ငံအများစုမှ ထွက်ရှိသည့် လျှော်ဖြူမှာ စက်မှုကုန်ကြမ်းအတွက်သာ အသုံးပြုနိုင်ပြီး စားသုံးရသည့်လျှော်ဖြူမှာ  မြန်မာနိုင်ငံ တစ်ခုတည်းကသာ ထွက်ရှိနေသည့်အတွက် ဈေးကွက် တောင်းဆိုမှုများစွာ ရှိနိုင်ကာ ဈေးကောင်းရသည့် နိုင်ငံသို့ ရောင်းမည်ဆိုပါက အရည်အသွေးကို ပိုပြီးဦးစားပေးရန် လိုအပ်နေပြီဖြစ်သည်။

''အပင်တွေမြန်မြန်ကြီးအောင် ဓာတုဗေဒဆေးတွေ အများကြီးသုံးမယ်။ နှစ်တိုတိုနဲ့ မြန်မြန်ရောင်းရအောင် မြေသြဇာတွေ အများကြီးကျွေးမယ်ဆိုရင် ဒီပစ္စည်းကို သူတို့စစ်ကြည့်လိုက်တဲ့အခါ လုံးဝ  ဝယ်မှာ မဟုတ်ပါဘူး။

အော်ဂဲနစ်မဟုတ်ရင် ဈေးကောင်းမရတဲ့ ဈေးကွက်ကိုပဲ ပို့လို့ရမှာပါ။ စစိုက်ကတည်းက မြေတွင်းပိုးသတ်ဆေးကိုသုံးမယ့်အစား ဆေးရွက်ကြီးအမှုန့်လို၊ တမာရွက်အမှုန့်လိုဟာမျိုး အခြောက်ခံပြီး သုံးတာတို့ လုပ်သင့်ပါတယ်'' ဟု စိုက်ပျိုးရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ဂျပန်နိုင်ငံသို့ အောက်တိုဘာလအတွင်း အော်ဂဲနစ်လျှော်ဖြူတစ်တန် စတင်ပို့ဆောင် ရမည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးရှိ သဘာဝနည်းအတိုင်း  စိုက်ပျိုးထားသည့်ခြံများမှ ဝယ်ယူ သွားရန် ရှိနေကြောင်း သိရသည်။

Read 88 times Last modified on Monday, 09 July 2018 14:18