SJ WorldNews - шаблон joomla Авто

ကျောက်ဆည်မြို့မှ မြန်မာ့ရိုးရာ ဆင်ရုပ်လုပ်ငန်း ပိုမိုလုပ်ဆောင်လျက်ရှိ

Tuesday, 10 July 2018 10:20 font size decrease font size decrease font size increase font size increase font size

ကျောက်ဆည်  ဇူလိုင် 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၌ တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေရရှိသည့် ဆင်ရုပ်လုပ်ငန်းကို     ကျောက်ဆည်မြို့ ဖောင်ရွာတွင်လုပ်ကိုင်ကြပြီး  ယခုအခါပိုမိုအားထား လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့ ဖောင်ရွာတွင် အိမ်ခြေ ၃ဝဝ ကျော်ရှိပြီး တစ်ရွာလုံးနီးပါး ဆင်ရုပ်ငယ်များ ပြုလုပ်ရောင်းချကြသည်။ ဆင်ရုပ်ရောင်းသည့်ဆိုင်များကို ဖောက်သည်ပေးခြင်းများ အပြင် ကိုယ်တိုင်ရောင်းချသည်လည်း ရှိသည်။ လက်ရှိကာလတွင် ဆင်ရုပ်အသေး တစ်ခုလျှင်   ဖောက်သည်သွင်းဈေးငွေကျပ် ၁၃ဝဝ ကျော်မှ နှစ်ပေနီးပါးအရွယ် ဆင်ရုပ်တစ်ခုလျှင် ငွေကျပ် ၁၅ဝဝဝ ကျော်အထိ ရှိသည်။အရွယ်အစားအလိုက် ဈေးနှုန်း အမျိုးမျိုးရှိပြီး တစ်ဆင့်ပြန် လည် ရောင်းချသူများထံမှဝယ်လျှင် ဈေးပိုပေးရသည်။

ကျောက်ဆည်မြို့တွင်ပြုလုပ်သည့် ဆင်ရုပ်ငယ်များမှာ မြန်မာအနုပညာ လက်ရာမြောက် လက်မှုပစ္စည်းတစ်ခုအဖြစ် ထင်ရှားပြီး ပြည်တွင်းပြည်ပ ခရီးသွားများ အထူးနှစ်သက်စွာ ဝယ်ယူ အားပေးလေ့ရှိသည်။

ဆင်ရုပ်ပြုလုပ်သည့်လုပ်ငန်းမှာ လက်ဝင် ပြီး ရွှေချည်ထိုးလုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်ရသည်။ ဆင်ရုပ်မိုအရွယ်အစား ခုနစ်မျိုး အထိရှိပြီး လူတစ်ဦးလျှင် ဆင်ရုပ် နှစ်ပေခန့်အရုပ် ၁ဝ ရုပ်ခန့်ပြီးစီးသည်။

ဆင်ရုပ်ပြုလုပ်သူများမှာ မိုကြမ်းကပ်ခြင်း၊ ဆေးခြယ်ခြင်းနှင့် ရွှေချည်ထိုးခြင်း လုပ်ငန်းများကို ကျွမ်းကျင်ကြရသည်။ ကျောက်ဆည်မြို့တွင်  ဆင်ရုပ်ပြုလုပ်သည့် လုပ်ငန်းကို တစ်နှစ်ပတ်လုံးပြုလုပ်ပြီးလူတစ်ဦးလျှင် တစ်နေ့လုပ်အားခ   ငွေကျပ် အနည်းဆုံး  ၅ဝဝဝ  ကျော် ရရှိကြောင်းနှင့် ယခုအခါ သီတင်းကျွတ် ကျောက်ဆည်ဆင်ပွဲ အတွက်ပါ  ကြိုတင်အားထား ပြုလုပ်လျက် ရှိကြောင်း သိရသည်။

Read 59 times Last modified on Tuesday, 10 July 2018 10:30