SJ WorldNews - шаблон joomla Авто

မိုးသက် လေနှင် သတိပြု စောင့်ကြို ပြင်ဆင်

Sunday, 12 May 2019 22:30 font size decrease font size decrease font size increase font size increase font size

မေလအစောပိုင်း မိုးကြိုကာလများတွင် ပဲခူးတိုင်း ဒေသကြီး နတ်တလင်း မြို့နယ်၌ မေ ၄ ရက် ည ၆နာရီက လေပြင်း တိုက်ခတ်ခဲ့ရာ လူနေအိမ်များ အမိုးလန် ပြုတ်ထွက်ခြင်း နှင့် သစ်ပင်များ ပြိုလဲခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ လေပြင်း တိုက်ခတ်မှုကြောင့် အထက်တန်း ကျောင်းမှ သစ်ပင်များကို နယ်မြေခံ တပ်မတော်သားများက မေ ၅ ရက်တွင် ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်ခြောက်များ၊ သစ်ကိုင်းခြောက် များအား ရှင်းလင်း ပေးကြခြင်း၊ အမိုးများ ပြန်လည် မိုးပေးခြင်း၊ သကျမဟာ မြတ်မုနိဘုရားကြီး ပရိဝုဏ်အတွင်းမှ အဆောက်အအုံ ပြာသာဒ်များအား ရှင်းလင်းခြင်းများ ဆောင်ရွက် ပေးကြသည်။

သာယာဝတီခရိုင် မင်းလှမြို့နယ် အတွင်း၌ မေ ၅ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများမှ လူနေအိမ် ၂၅ လုံး ပြိုကျပျက်စီးပြီး လူနေအိမ် ၁၆၇ လုံးမှာ အမိုးလန် ပျက်စီးသွားသဖြင့် ပျက်စီးမှု တန်ဖိုး စုစုပေါင်းငွေကျပ် ၂၉၉ သိန်းကျော် ဆုံးရှုံး သွားသော်လည်း လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။ အလား တူ ဇီးကုန်းမြို့နယ် အတွင်း၌ မေ ၅ ရက် ည ၆ နာရီ ၁ဝ မိနစ်က လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၂၃ လုံး အမိုးလန်ပြီး လူနေအိမ်နှစ်လုံး ပြိုလဲသွားသည်။ ထို့ပြင် ဘုန်းတော်ကြီး ကျောင်း မီးစက်ဂိုဒေါင် တစ်လုံးနှင့် စာသင်ကျောင်း တစ်ကျောင်း အမိုးလန် ပျက်စီးသွားသည်။

မိုးညိုမြို့နယ်၌ မေ ၅ ရက် ညနေ ၃ နာရီခွဲတွင် လေပြင်း တိုက်ခတ်မှုကြောင့် မြို့ပေါ် အမှတ် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၃ စုမှ ကျေးရွာပေါင်း ၄၃ ရွာတို့မှ အမိုးအကာ တစ်စိတ် တစ်ပိုင်း ပျက်စီးသွားသည့် လူနေအိမ် ၃၁၄ လုံး၊ စာသင်ကျောင်း လေးကျောင်း၊ ဘုန်း တော်ကြီး ကျောင်းလေးကျောင်း ထိခိုက် ပျက်စီးသွားသော်လည်း လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိ ကြောင်း သိရသည်။

လေပြင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဒဏ် ခံရသူများအား မြို့နယ်သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီနှင့် မီးသတ်တပ် ဖွဲ့ဝင်များ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များ ပူးပေါင်း၍ လိုအပ်သည်များ ကူညီ ဆောင် ရွက် ပေးကြသည်။ ကြို့ပင်ကောက် မြို့နယ်၌ ဧပြီ ၅ ရက် ညနေ ၅ နာရီမိနစ် ၅ဝ ခန့်က လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာများမှ စုစုပေါင်း အမိုးလန်နေအိမ် ၆၅ လုံးနှင့် ဘုန်းတော်ကြီး ကျောင်းတစ်ဆောင် ပြိုလဲသွားသဖြင့် ဆုံးရှုံးမှု တန်ဖိုး စုစုပေါင်း ငွေကျပ် ၄၁ သိန်းကျော် ခန့်ရှိကြောင်း သိရသည်။

လက်ပံတန်း မြို့နယ်၌ မေ ၆ ရက် ညနေပိုင်းက လေပြင်း တိုက်ခတ်သဖြင့် လူနေအိမ် ၃ဝ အမိုးလန် ပျက်စီးပြီး ခြောက်လုံး ပြိုလဲသွားသည်။ သာရဝေါ ကျေးရွာ၌ လူနေအိမ် သုံးလုံး အမိုးလန် ပျက်စီးပြီး ကျုံလဟာကျေးရွာ၌ လူနေအိမ် ၂၇ လုံး အမိုးလန်၍ ခြောက်လုံး ပြိုကျ သွားကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် ရွှေကျင်ကျေးရွာ အုပ်စု၊ ငါးဘတ်ချောင်း ကျေးရွာ အုပ်စုနှင့် ညောင်ဝိုင်း ကျေးရွာအုပ်စု တို့တွင် မေ ၅ ရက် ညနေပိုင်းက လေပြင်း တိုက်ခတ်မှု ကြောင့် စုစုပေါင်း လူနေအိမ် ၂၄လုံး အမိုးလန် ပျက်စီး သွားသော်လည်း လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။ အင်္ဂပူမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ခြောက်အုပ်စုတို့၌ မေ ၆ ရက် ညနေ ၃ နာရီခွဲက လေပြင်း တိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ် ၂ဝ၄ လုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဝန်ထမ်းအိမ်ရာ တစ်ခုတို့ အမိုးလန် ပျက်စီးသွားသော် လည်း လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက်မြို့ပေါ် ရပ်ကွက်လေး ရပ်ကွက်နှင့် ငါး လာချောင်း၊ အုန်းပင်ကွင်း၊ ရေပေါ်သောင် ကျေးရွာအုပ်စု တို့၌ မေ ၇ ရက် ညနေ ၄ နာရီ မိနစ် ၄ဝ ခန့်မှ ၅ နာရီခန့်အထိ မိုးအဆက်မပြတ် ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် လူ နေအိမ်များ အမိုးလန်ပျက်စီး သွားသော်လည်း လူထိခိုက်မှု မရှိခဲ့ပေ။ ထိုသို့ ဖြစ်ပွားခဲ့ရာ အ ဖျောက်မြို့ပေါ် ရပ်ကွက်လေး ရပ်ကွက်မှ ဝါးအိမ် ၅၇ လုံး၊ သစ်သားအိမ် ၁၅၉ လုံး အမိုးလန် သွားပြီး ဝါးအိမ် ရှစ်လုံး၊ သစ်သားအိမ် သုံးလုံး ပြိုကျပျက်စီးသည်။ ကျေးရွာအုပ်စု များမှ ဝါးအိမ် ၇၇ လုံး၊ သစ်သားအိမ် ၃၃ လုံးမှာ အမိုးလန် သွားပြီး ဝါးအိမ်ကိုးလုံး နှင့် သစ်သားအိမ် နှစ်လုံး ပြိုကျ ပျက်စီးသည်။ အဆိုပါ ပြိုကျသွားသော လူနေအိမ်များ ပြန်လည် တည်ဆောက် ပြုပြင် ပေးခြင်းနှင့် ရွှေ့ပြောင်း ပေးခြင်းတို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုက်ကြီး တပ်နယ်မှ တပ်မတော် သားများက မေ ၈ ရက်နှင့် ၉ ရက်တို့တွင် ကူညီဆောင်ရွက် ပေးခဲ့ကြသည်။

ယခု တင်ပြခဲ့သော ဖြစ်စဉ်များသည် အနောက်ရိုးမကို ကျော်၍ တိုက်ခတ်လာသော လေပြင်း ၏ သက်ရောက်မှုများကြောင့် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းမှ မြို့နယ်များ၊ ထိုဒေသနှင့် နီး စပ်သော ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ မြို့နယ်တို့၌ မိုးသက် လေပြင်း တိုက်ခတ်သည်ကို တွေ့ရခြင်းကြောင့် မကြာမီ ရက်ပိုင်းအတွင်း ဝင်ရောက်တော့ မည့် မုတ်သုံကို သတိနှင့် စောင့်ကြို ပြင်ဆင်ကြရန် ဖြစ်ကြောင်း မြဝတီက အကြံပြု အပ်ပါ သည်။ ။

Read 15 times Last modified on Sunday, 12 May 2019 22:31