SJ WorldNews - шаблон joomla Авто

ဟော့ကိုင်းဒိုးကျွန်း၌ ငလျင် လှုပ်ခတ်မှု သေဆုံးသူ ၄၄ ဦး အထိ မြင့်တက်

Tuesday, 11 September 2018 11:40 font size decrease font size decrease font size increase font size increase font size

တိုကျို စက်တင်ဘာ ၁ဝ

ဂျပန်နိုင်ငံ အနောက်မြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်း၌ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၄၄ ဦးအထိ ရှိလာပြီး လူ ၆၆ဝ ဒဏ်ရာ ရရှိသည်။ ထို့ပြင် လျှပ်စစ်မီးများ ပြတ်တောက်မှု သည်လည်း တိုယိုတာကားများ ထုတ်လုပ်မှုအတွက် အခက်အခဲ ဖြစ်ပေါ်စေကြောင်း အစိုးရက စက်တင်ဘာ ၁ဝ ရက်တွင် ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်တွင် ဟော့ကိုင်းဒိုးကျွန်း၌ ပြင်းအား ပမာဏ ၆ ဒသမ ၇ မဂ္ဂနီကျူ့ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီး အဆိုပါ ကျွန်းသို့ သွားလာသည့် မီးရထားနှင့် လေကြောင်း ခရီးစဉ်များ အားလုံးကို ရပ်ဆိုင်းခဲ့ရသည်။

အဆိုပါ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုကြောင့် လူ ၂၅ဝဝ ခန့်မှာ ကယ်ဆယ်ရေး စခန်းများ၌ နေထိုင်နေရဆဲ ဖြစ်သည်။ ထို့ပြင် ငလျင်လှုပ်ခတ်ရာမှ မြေပြိုမှု ဖြစ်ပွားပြီး လူနေအိမ်များ နစ်မြုပ်ခဲ့ကြောင်း မီးသတ်ဌာနနှင့် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်လာသော ပျက်စီးသည့် နေရာများ၌ စစ်ဘက် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ စုစုပေါင်း ၄ဝဝဝဝ ခန့်သည် ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ကြောင်းနှင့် ပျောက်ဆုံးနေသူ တစ်ဦးမျှ မရှိတော့ကြောင်း အစိုးရ တာဝန်ရှိသူ

တစ်ဦးဖြစ်သည့် ယိုရှီဟိုက်ဆူဂါက ပြောသည်။

ဟော့ကိုင်းဒိုးကျွန်းရှိ လျှပ်စစ်မီး သုံးစွဲသူ အားလုံး နီးပါးမှာ လျှပ်စစ် စွမ်းအင် ပြန်လည် ရရှိလာပြီ ဖြစ်သော်လည်း စီးပွားရေး လုပ်ငန်းများနှင့် ဒေသခံ ၅ ဒသမ ၃ သန်း အနေဖြင့် နောက်ထပ် လျှပ်စစ်မီးများ ပြတ်တောက်မှု မဖြစ်ပေါ်စေရန် ကာကွယ်သည့် အနေဖြင့် လျှပ်စစ်စွမ်းအင် ၂ဝ ရာခိုင်နှုန်းခန့် လျှော့ချ သုံးစွဲပေးရန် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီး ဟီရိုရှိဆီကိုက တောင်းဆိုထားကြောင်း သိရသည်။

Ref: Reuters

Read 65 times Last modified on Tuesday, 11 September 2018 11:41