SJ WorldNews - шаблон joomla Авто

ရွေးကောက်ပွဲ ရလဒ်မကြေညာမီ တိုက်ခိုက်ရန် စီစဉ်သူ ၁ဝ ဦးကို အင်ဒိုနီးရှား ဖမ်းဆီး

Thursday, 16 May 2019 12:55 font size decrease font size decrease font size increase font size increase font size

အင်ဒိုနီးရှားနိုင်ငံ၌ သမ္မတ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် မကြေညာမီ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် စီစဉ်သူ ၁ဝ ဦးကို ဖမ်းဆီးနိုင်ကြောင်း ရဲတပ်ဖွဲ့က မေ ၁၅ ရက်တွင်ပြောသည်။

ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှား၌  ဧပြီလတွင် ကျင်းပသည့် ရွေးကောက်ပွဲမှ ရလဒ်ကိုမထုတ်ပြန်မီ ရဲတပ်ဖွဲ့က နိုင်ငံအတွင်း လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်နေစဉ် တိုက်ခိုက်ရန် စီစဉ်သူများကို ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။ ထိုသူများသည် နိုင်ငံအတွင်း အဓိကရုဏ်းများ ဖြစ်ပေါ်လာစေရန်နှင့် ရဲတပ်ဖွဲ့အပါအဝင် လူအများအပြားကို ပစ်မှတ်ထား တိုက်ခိုက်ရန်ကြံစည်ထားကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေဒီပရာဆက်ယိုက ပြောသည်။

ထို့ပြင် ဖမ်းဆီးခံထားရသူများသည် မေ ၂၁ ရက်၊ ၂၂ ရက် သို့မဟုတ် ၂၃ ရက်တို့တွင် တိုက်ခိုက်ရန် စီစဉ်ထားကြောင်း ၎င်းက ဆက်ပြောသည်။ အင်ဒိုနီးရှား အာဏာပိုင်များက ရွေးကောက်ပွဲ ရလဒ်ကို မေ ၂၂ ရက်တွင် တရားဝင် ထုတ်ပြန်မည်ဖြစ်သည်။ ဧပြီလတွင် ကျင်းပသည့် အဆိုပါ ရွေးကောက်ပွဲ၌ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုက စိန်ခေါ်သူ ပရာဘိုဝိုဆူဘီယန်တိုကို အနိုင်ရရှိမည်ဟု အလွတ်သဘော ကောက်ယူထားသည့် မဲရေတွက်မှုများ အရ သိရသည်။ ရွေးကောက်ပွဲ မဲရေတွက်ရာ၌ မသမာမှုများ ရှိနေသည်ဟု ပရာဘိုဝိုက စွပ်စွဲထားသည်။

အင်ဒိုနီးရှားရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်တွင်ဖြစ်ပွားသော ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့ကို တိုက်ခိုက်ရန် ကြံစည်သည့် အကြမ်းဖက်သမား တစ်ဦးကို  အသေပစ်ခတ် ချေမှုန်းပြီး   ခြောက်ဦးကို ဖမ်းဆီးနိုင်ကြောင်း  သိရသည်။

Read 13 times Last modified on Thursday, 16 May 2019 12:55