SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုအဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဖိုရမ် (UCCPF) ကော်မတီဝင်များအား လက်ခံ တွေ့ဆုံ

Friday, 13 July 2018 09:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်  ၁၂

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  ပြည်ထောင်စုအဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဖိုရမ်(့ UCCPF) ကော်မတီဝင်များအား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် CSO forum ၏ဆောင်ရွက်ချက်များ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အရပ်ဘက် အဖွဲ့အစည်း(CSO)များ၏ ပံ့ပိုးကူညီ ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ပြည်ထောင် စုငြိမ်းချမ်းရေး ညီလာခံ -(၂၁)ရာစုပင်လုံ အစည်းအဝေးများသို့ CSO forum ကိုယ်စားလှယ်များ ပါဝင်နိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းနှင့် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး ပြည်ထောင်စုအဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် (UCCPF) ကော်မတီဝင်များ ဖြစ်ကြသည့် ဒေါ်ဆောင်းဝင်း(ကချင်ပြည်နယ်)၊ နော်တကောဖူး (ကရင်ပြည်နယ်)၊ ဦးကျော်မိုးလှိုင် (စစ်ကိုင်းတိုင်းဒေသကြီး)၊ ဒေါ်ခိုင်ခိုင်လဲ့မြင့်(မွန်ပြည်နယ်)၊ ဦးဝင်းမြင့်ထွေး(မကွေးတိုင်းဒေသကြီး)၊ ဦးစိုးဌေး (မန္တလေး တိုင်းဒေသကြီး)၊ မိုင်စုစုလှိုင်(ရခိုင်ပြည်နယ်)၊ နန်းနုစံပယ်ဖြူ(ရှမ်းပြည်နယ်)၊ ဒေါ်ဥမ္မာကျော်(ရန်ကုန်တိုင်းဒေသကြီး)၊ ဦးဇင်မျိုးအောင်(ပဲခူးတိုင်းဒေသကြီး)၊ ဦးစိုးလှိုင်ဦး(ဧရာဝတီတိုင်းဒေသကြီး)၊ ဦးမိုးသူအောင် (တနင်္သာရီ တိုင်းဒေသကြီး)၊ ဒေါ်သီတာဦး (လူရည်ချွန်ကွန်ရက်)၊ ဦးကျော်ဇင် (အလုပ်သမားကွန်ရက်)၊    ဦးရဲလွင်စိုး (အလုပ်သမားကွန်ရက်) နှင့် ဦးမြတ်သူဝင်း (မသန်စွမ်းသူများကွန်ရက်)တို့ တက်ရောက်ကြသည်။

(သတင်းစဉ်)

Read 168 times Last modified on Friday, 13 July 2018 09:24